နှလုံးသား အကိုးအကားနဲ့
ကမ္ဘာဦးကတည်းကကျမ်းစာ
ပုထုဇဉ်ဟူသမျှ
ဘယ်သူမှဖတ်လို့ မပြီးရှာဘူး…
ခံစားမှုရဲ့ စေခိုင်းချက်နဲ့
လေ့ကျက်ခဲ့ရတဲ့
ဘာသာစကား
ဘယ်သူမှလည်းတတ်မြောက်မသွားရှာဘူး…
သံသရာဆွဲဆန့်လို
ဘယ်လောက်ပင်ရှည်ရှည်
ရင်အုံထဲထိုးခတ်သွားတဲ့ မာလာဆောင်
အိပ်မက်ဆိုးတွေအတွက်
တစ်ရေးနိုးမှ ထငိုရတဲ့
ကိုပေါ….
ဘယ်တော့မှ မပြောဖြစ်ခဲ့စေတနာတချို့
ပျိုမြစ်တဲ့အိပ်မက်တွေနဲ့မျက်နှာသစ်ပြီး
အံကျိတ်တောက်ခေါက်
ရင်ဘတ်ဟောင်းလောင်းနဲ့
ခြေဦးတည့်ရာလျှောက်သွားမိတဲ့
ညနေစောင်း…
ဘာမှမဖြစ်ပါဘူးဆိုတဲ့နာနာကျင်ကျင်
စကားလုံးများ…
ပျော်ရဲ့လားလို့ မရေမရာမေးခွန်းမျိုးကို
ရုတ်တရုတ်ခေါင်းငြိမ့်လိုက်သလိုမျိုး
အရွယ်သုံးပါးစလုံး
အပြင်းအထန်မှီဝဲချင်
နတ်ဆေးတစ်မယ်
ဝီစကီခပ်ပြင်းပြင်းတစ်ခွက်ကို
ဆော်ဒါမပါပဲ မော့လိုက်ရသလို
ဘ၀တစ်ခုလုံး ပူပြင်းလျှတရီဝေသွားတဲ့အဖြစ်ကို
ဆိုတော့မယ်…. အချစ်လို့….။
မိုးလှိုင်ည
အဲလို ရှိတယ်ပေါ့။
ReplyDeleteမှတ်သားသွားပါကြောင်း။
ကိုမိုးလှိုင်
ဆိုတော့ကာ... ရင်ဘတ်ချင်း ထပ်သွားတယ်..
ReplyDeleteကဗျာလေး ကြိုက်တယ်ဗျို့ ။
ReplyDeletetag ရကျိုးနပ်တယ် ကိုမိုးလှိုင်ရေ...
ReplyDeleteကဗျာလေး ကောင်းလို့ :)
ကမ္ဘာဦးကတည်းက ဘယ်သူမှ ဖတ်လို့မပြီးတဲ့ ကျမ်းစာ... ဘယ်သူမှ တတ်မြောက်မသွားရှာတဲ့ ဘာသာစကား...အဲဒါ အချစ်တဲ့လား...
ဝီစကီခပ်ပြင်းပြင်းတစ်ခွက်ကို ဆော်ဒါမပါဘဲ မော့ရင် ဘယ်လောက် ပူလဲဟင်... မမော့ဖူးလို့ မသိဘူးဗျို့:P
ဆိုတော့ကာ... ကျွန်တော်သိသွားပြီဗျို့။
ReplyDelete