Monday, October 6, 2008

လွန်ခဲ့တဲ့ရက်သတ္တပါတ်

ကမ္ဘာကြီး ဘယ်လောက်ကျယ်မလဲ
ငါတို့ဝေးပုံက
သံသရာတစ်ဖက်စွန်းဆီကြလို့
နံရံပေါ်မှာ
ပြင်းပြင်းထန်ထန်
`အနမ်း´ဆိုတဲ့ပန်းချီကားတစ်ချပ်


တဒင်္ဂလေးပါ


တစ်ယောက်လက်ဖ၀ါး
တစ်ယောက်ဆွဲကိုင်ဖျစ်ညှစ်လို့
နေ့စွဲအဟောင်းတွေဆီ
မီးကြိုးမောင်းပျက်
ငါ့စိတ်တွေပစ်ချလိုက်တယ်
အလွမ်းနဲ့မောင်းနှင်ခဲ့ရတဲ့
ဆယ်စုနှစ်ပါ…
မသေချာတဲ့ငြိမ်းချမ်းခြင်းတွေနဲ့
အလင်းမဲ့ညတွေကို
စစ်စစ်ကျင်ယူရင်း…


မနက်ဖြန်ကို မသိဘူး
နောက် ၃ ရက်ကြာရင် ဘာဖြစ်မလဲမသိဘူး
နောက် ၃နှစ်ကြာရင် ဘာဖြစ်မလဲမသိဘူး
အကြံအစည်မရှိဘူး
အနံ့မရှိဘူး
အရောင်မရှိဘူး
စားပွဲပေါ်က ဖိုင်တထပ်ဟာ
ရသမဲ့တဲ့ ပင့်ကူမျှင်တွေ ကပ်နေတယ်


စိတ်လေရုံသက်သက်နဲ့
လူဟာသေနိုင်သလား။

လိပ်ပြာလေးတကောင်
ငါ့ပန်းအိုးလေးပေါ်မှာ
ရက်ရှည်လများ
နေထိုင်သွားခဲ့တယ်ဆိုတာ
ယုံတောင် မယုံနိုင်တော့ဘူး။
--

ပန်ဒိုရာ မိုးလှိုင်ည

3 comments:

  1. ကဗျာလေး ခံစားသွားတယ် ညီလေးရေ။

    ReplyDelete
  2. ကိုမိုးလှိုင်.....

    ကဗျာလေးမိုက်တယ်ဗျာ။ နှစ်ယောက်စလုံး
    ခံစားမှု့ပါရမီရင့်သန်တယ်။

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...