နေရောင်တစိုစို
ဖုန်တရွှဲရွှဲထဲ
လရောင်ကိုနားမှာပန်လို့
သစ်ပင်…။
အမြစ်ကိုစိတ်ထဲမှာမှတ်
အကိုင်းအခက်အားလုံးထောင်
ဒဏာရီပြီးတော့ ရာဇ၀င်
ရာဇာဝင်ပြီးတော့ သမိုင်း
သမိုင်းပြီးတော့….
သမိုင်းပေါ့
သစ်ပင်…။
ထို့ကြောင့် အဖြေနေရာမှာတော့
အညှောက်ထွက်လာသော
သစ်ပင်များ…။
မြင်းတို့ကိုချည်ခဲ့ရာ၊
ဗုံတို့ကိုပြုလုပ်ရာ၊
စားပွဲ၊ကုလားထိုင်တို့ကိုပြုလုပ်ရာ၊
လက်ဝါးကပ်တိုင်ပြုလုပ်ရာ၊
နောက်ဆုံး
ပဉ္စ၀ဂ္ဂီငါးပါးအားတရားဦးဟောခဲ့ရာ
သစ်ပင်များ၊သစ်သားများ၊
သစ်ပင်၊သစ်တော…။
သံချက်ရာ၊လှံချက်ရာ
ဓားထစ်ရာတွေနဲ့
အသီးတစ်မျိုးကို
ဇီးလွယ်သလို လွယ်ထားတော့တယ်…။
လက်ရှိလိပ်စာက လှည်းဦးတိုက်
လှေဦးတိုက်အရပ်၊
(သို့မဟုတ်)
မြင်းမဲ့လူနီရိုင်း၊
အစရှိသဖြင့်ပေါ့နော်။
ကမ်းစပ်တစ်ခုမှာ
ဆည်းဆာနဲ့ညကြားက အောင်သွယ်တော်ပေါ့။
သူ့စိတ်အောက်ခြေထဲငုံ့ကြည့်မိတော့ အူယားတယ်
ကိုယ့်စိတ်အောက်ခြေထဲငုံ့ကြည့်မိတော့ အသဲယားတယ်။
ဒြာ
Subscribe to:
Post Comments (Atom)
“ခွေးကလေး ကောက်ကောက်”
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
သူတို့အဆုတ်၊ ထားခဲ့မြုပ်သည့် ဗုံးငုတ် တိုက်မှား၊ မောင်ပြောက်ကျားကို ရွာသား ရွာသူ၊ မေးကြမြူသည် အူအူယမ်းငွေ့ထတုန်းတည်း။ အမောင်...
-
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
သူ့ကိုကြည့်ပြန်တော့လဲ အဲဒီကကို မတက်တော့ဘူး ကိုယ်ရပ်နေသလိုလို သူသွားနေသလိုလို၊ မဟုတ်ဘူး ဘယ်သူမှ မသွားဘူး ဘယ်သူမှမရပ်ဘူး သွားတယ်ရပ်တယ်ဆိုတ...
No comments:
Post a Comment