Sunday, October 28, 2007

တစ်ခုခုရေးမလို့ပါ

မနက်လင်းလာလိုက်တာ
ငါ့ကို လမ်းမပေါ်ဆွဲယူလာတဲ့အထိ
ဒီနေ့ဘာတွေလုပ်ရမလဲ…
မနေ့ကစီမံချက်ထဲမှာပိတ်မိနေတာသိတယ်။

လမ်းတစ်ဘက်ကိုဖြတ်ကူးတယ်
ဒီနားမှာအင်တာနက်ဆိုင်ရှိပေမယ့်
အိပ်မက်ထဲမှာတောင်ကော်နက်ရှင်ကမကောင်းဘူး။

လမ်းပြဆိုင်းဘုတ်တွေထောင်ထားပေမယ့်
ပိတ်ထားတဲ့လမ်းတွေကများတယ်
နံရံကိုပဲခေါင်းနဲ့ထတိုက်ပစ်ဖို့ပဲရှိတယ်။

၂၀၀၈ပြက္ခဒိန်ဝယ်မလားလို့
လှမ်းကြည့်ပြီးမှ…
ငါသက္ကဇ်ရ်တွေ မလိုချင်တော့တာသတိရတယ်။

တော်ပါပြီ
လက်ဘက်ရည်ကျစိမ့်တစ်ခွက်
ငါးဆယ်တန်စီးကရက်နှစ်လိပ်ရရင်
ငါကဗျာရေးလို့ရပြီ…
ဘာပဲဖြစ်ဖြစ်ကမ္ဘာကြီးအကြောင်းဆိုလည်းဟုတ်တယ်။

ဒီမိုကရေစီမရတဲ့နေရက်တွေဆိုလည်းဖြစ်တယ်
ငါ့ရင်ထဲက ဖေဖော်ဝါရီကို
ပိုက်ဆံပေါတဲ့ကောင်ခိုးသွားတဲ့အကြောင်းဆိုလည်း
ရေးလို့ဖြစ်တာပဲ….။

ရောဂါပဲ…
လူတွေမသေပဲ…ဘုရားသခင်သာသေဖို့ကောင်းတယ်
နိရှေးနဲ့ငါလည်း ငရဲမှာခဏခဏတွေ့တယ်
ဒီအဘိုးကြီးနဲ့ငြင်းခုံရတာအရသာအရှိဆုံးပဲ…။

မိုးလှိုင်ည

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...