Saturday, October 20, 2007

မဆင်မခြင်ရေးလိုက်တဲ့ကဗျာ

ဆင်ဆင်ခြင်ခြင်နေစမ်းပါကွာ
ပြောလိုက်ရင်ဆင်ခြေဆင်လက်တွေချည်းပဲ
မဆင်မခြင်နေရင်တော့ဒုက္ခရောက်လိမ့်မယ်
ယုတ္ထိဗေဒလား…လောဂျစ်လား
ထားလိုက်တော့ ဖြစ်ချင်ရာဖြစ်နေတဲ့လောကမှာ
သီအိုရီအသေတွေဆွဲထုတ်ပြမနေနဲ့
အဘိုးမဆင်ခြင်ရင်ကင်ဆာရနိုင်တယ်တဲ့
ကျွန်တော့်အဘိုးကုတဲ့ဆရာဝန်
အဘိုးအရင်သေသွားဖူးတယ်….
ဆင်ခြေဖြစ်ဖြစ်ဆင်လက်ဖြစ်ဖြစ်
ကျွန်တော်စွပ်ပြုပ်ဖြစ်အောင်လုပ်တတ်တယ်တဲ့
တရုတ်အကီးကပြောတယ်
အဲဒါပဲ
တစ်ခါတစ်ခါဘ၀ကို စွပ်ပြုပ်လုပ်သောက်တတ်ရတယ်
ဒါမှမဟုတ်စွပ်ပြုပ်ကိုဘ၀လိုသောက်တတ်ရတယ်…
ဒီကဗျာရေးပြီးရင်
ကျွန်တော်လည်းဆင်ဆင်ခြင်ခြင်နေမှဖြစ်မယ်
အခုထိတော့မဆင်မခြင်ရေးမိတာချည်းပဲ….

မိုးလှိုင်ည

1 comment:

  1. အင်း ငါလည်း ဆင်ဆင်ခြင်ခြင်နေမှ
    တော်ကြာ ဆံပြုတ်ပဲသောက်နေရဦးမယ် ..
    ကိုယ့်စိတ်ကိုအုပ်ဖို့ချွန်းတစ်လက်လောက်
    ပေါက်ခဲ့စမ်းပါ

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...