Friday, October 12, 2007

ဒါဟာ… ဒြာဖြစ်တယ်

သရမှာအသံရှိသလိုပေါ့
ဒြာမှာလည်းမာန်ရှိတယ်…။

အဆိပ်ရည်တွေဘယ်လောက်မျိုမျို
ပြန်အန်မထုတ်တတ်သလို
နှလုံးသားကိုဒဏ်ရာမြှားတွေစူးနစ်
သူဘယ်တော့မှမနုတ်ပစ်ဖူး…

ဒီကဗျာတွေဘာကြောင့်ရေးမိမှန်း
မသိပါဘူးတဲ့…
သူတစ်ခါတစ်ခါအဲဒီလိုညည်းတယ်…။

ကျွန်တော်ကွမ်းသွားစိုက်ဦးမယ်ဗျာ
မိုးသားတွေညှို့တက်နေတဲ့ညနေမှာ
သူထထွက်သွားခဲ့ပေါ့…။

ဒါပေမယ့်ကွမ်းပင်တွေ
ပိုးသတ်ရမယ့်အစား
သူခန္ဒာသူရှုမှတ်တယ်ဖားအောက်မှာ

ခင်ဗျားကကြည်လင်လာခဲ့တယ်
ကျွန်တော်တို့ကနွမ်းဖတ်လို့
စက်တင်ဘာ….

တစ်လလုံးလုံး
သူ့ခြေရာတွေရန်ကုန်မြို့ကိုဖုံးလို့
သူပြန်ရောက်သွားပြီ
အခါခါရောက်ခဲ့ဖူးတဲ့ကျောင်းတော်ဆီ
ကြည်ကြည်လင်လင်ပါပဲ
သရမှာအသံရှိသလို
ဒြာကအမှန်သိတယ်
ဒါကြောင့်၊ဒါဟာဒြာဖြစ်သလို
ဒါကြောင့်၊ဒါဟာဒြာဟာကဗျာဖြစ်တယ်။

မိုးလှိုင်ည
(စက်တင်ဘာအိပ်မက်ဆိုးထဲကျိုးကျွံခဲ့သူဒြာအတွက်)

1 comment:

  1. စက်တင်ဘာရဲ့ ဆိုးချက်ကတော့
    လူတကာရင်မချိအောင်ပါပဲ
    ဒြာရဲ့ ပစ်မှတ်က ရင်ကိုခတ်သွားတယ်
    ကိုမိုးလှိုင်

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...