Tuesday, October 16, 2007

…အမှောင်

လမိုက်ညစကြ၀ဠာအပေါ်
မှောင်နေတဲ့
မျက်ဝန်းတွေက ပိတ်ကျခဲ့တော့
အလင်းမှာသာ နာကျင်ဖွယ်ရာ
တသီးတသန့်ကြီး
မှောင်ခဲ့ရပါသတဲ့…
မှောင် ။

တကယ်ပြိုတော့မလားကွယ်….
ညိုလက်စညည်းသံတွေ
ရင်ထဲ
ငြိမ့်ကနဲထိုးဆင်း
မှောင် ။

အကောင်းမြင်တဲ့ဘက်ကချည်း
ခိုးခိုးကြည့်နေကျ
စိတ်ကိုအနာမခံသူဟာ
ပညာရှိဆန်မယ်တဲ့
မေမေ့အိပ်မက်ဆီခဏထွက်ပြေးဖို့ပဲ…
ဒါပေမယ့်
ဒီနှလုံးသားဖောင်ကလေးက
မှောင် ။

မာရီယာရေ…
မင့်ဆီမှာ
နွေဦးကိုထွန်ရေးငင်လိုက်တော့!
ငါ့ဆီမှာက
ရှိရှိသမျှဝှက်ဖဲတွေနဲ့
တဲတဲလေးမိုးခေါ်ထားရ
မှောင် ။

မှောင်လွန်းလို့ပဲလေ
ညခမျာပက်လက်ကလေး
ညနဲ့ရောယောင်
အိပ်သွန်ဖာမှောက်
မှောင်လို့ပေါ့….
မှောင် ။
မှောင် ။ ။

ကျော်မျိုး 26.jan.00

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...