Monday, July 27, 2009

ကောင်မလေးက မြွေပဲ...။

ငါ့ရင်ဘတ်ထဲ လာခွေမနေပါနဲ့
မြွေမလေးရယ်
မင်းအတွက်က
အနမ်းသက်သက်ပါ
ငါကတော့
တစ်ဘ၀လုံးအဆိပ်တက်နေပြီ...
ကိုယ်ရောင်ကိုယ်ဝါပြောင်းလဲဖို့
ဆူးခက်လို ငါ့ကိုရွေးခဲ့တာလား
မင်းအလှညှိ့ချက်ထဲ
ငါ့ကိုငြိမ်သက်စေခဲ့ မြွေမလေးရယ်
တရစ်ပြီးတရစ်
အချစ်ပြီးအချစ်
နှလုံးသားကို မိတ္တုကူးဖို့ မကြိုးစားပါနဲ့
ငါက ဟိုတယ်ရ၀မ်ဒါကိုကြည့်နေတုန်း
မင်းကတော့ ငါ့ကိုကြည့်နေတယ်...
ငါက လူတွေကိုကယ်ထုတ်ဖို့ စဉ်းစားချိန်
မင်းကတော့ ငါ့ကိုအသေရဖို့တွေးတော
ကောင်မလေးရေ
မင်းကမြွေပဲ
နောက်ဆုံးတော့ တောက်တောက်ပပ
မင်မျက်လုံးတွေကြားထဲ ငါလှလှပကျဆုံးခဲ့ရ
ကောင်မလေးကမြွေ...

မိုးလှိုင်ည

14 comments:

  1. မင်းအတွက်က
    အနမ်းသက်သက်ပါ
    ငါကတော့
    တစ်ဘ၀လုံးအဆိပ်တက်နေပြီ...

    ဟာ ဒုက္ခပဲဗျာ ..အဆိပ်တွေတက်ကုန်ပြီ...။

    ReplyDelete
  2. မြွေမလေးတွေက လှရင် ပိုကြောက်ဘို့ကောင်းတယ်.....။

    ReplyDelete
  3. အဆိပ်နဲ့ ပေါက် မယ့်မြွေလား
    ရစ်ပတ် ဖျစ်ညှစ်မယ့်မြွေလား
    ညို့ပြီးမှ အကောင်လိုက် မျိုချမယ့်မြွေလား

    ReplyDelete
  4. ဟာ... မြွေနဲ့ သွားကစားနေပြန်ပြီလား....

    ATN

    ReplyDelete
  5. အညှို့ ခံနေရပြီလားကိုမိုးလှိုင်ရေ ...
    မြွေပဲ :)

    ReplyDelete
  6. မိန်ကလေး.တစ်ယောက်ကို..
    မြွေနဲ့ တင်စားတယ်ပေါ့.
    အဲဒီမိန်ကလေးက..ရေမြွေလား.
    အဆိပ်ရှိမြွေလား..

    ReplyDelete
  7. တရစ်ပြီးတရစ်
    အချစ်ပြီးအချစ်
    နှလုံးသားကို မိတ္တုကူးဖို့ မကြိုးစားပါနဲ့
    ငါက ဟိုတယ်ရ၀မ်ဒါကိုကြည့်နေတုန်း
    မင်းကတော့ ငါ့ကိုကြည့်နေတယ်

    ကြိုက်တယ်ညီလေးရေ..ဒီလိုကဗျာမျိုးလေးတွေလည်း
    ကောင်းနေတာပဲ

    ReplyDelete
  8. ဒီမြွေဆိပ် ဖြေဆေး ရှိရဲ့လား။
    :)

    ReplyDelete
  9. ဒီကောင်မလေး မွှေတတ်မှန်း..
    အဲ မြွေမှန်း ဘယ်တုန်းက သိသွားတာလဲ ဟင်း...
    ကဗျာက ချစ်စရာလေး...း)

    ReplyDelete
  10. ဒီကဗျာ ဖတ်ရတာ ကျောချမ်းလိုက်တာနော်.. တကယ်

    ReplyDelete
  11. ကြည့်နေတဲ့ ရုပ်ရှင်မပြီးလိုက်ဘူးပေါ့။ :P
    ကဗျာလေးလိုက်တယ် မြွေ :P

    ReplyDelete
  12. ဘယ်လိုလုပ်မလဲ.. အဲ့ဒါမှ မြွေပဲ.. ^_^

    ReplyDelete
  13. ကိုယ့်ဖာသာ ရင်ဘတ်ထဲ ထည့်ထားပြီးတော့များ... လာခွေမနေပါနဲ့ တဲ့... တော်ကြာ ခွေရုံနဲ့တင် အားမရဘဲ အသေပေါက်သတ်သွားဦးမယ်နော်...:)

    ဒါနဲ့... မြွေဆိပ်ကို မြွေဆိပ်နဲ့ပဲ ပြန်ဖြေရတယ် ဆို...

    ReplyDelete
  14. ဒီကဗျာလေးကောင်းလိုက်တာအကို။ ရင်ဘတ်ကိုတိုက်ရိုက်လာထိတယ်။

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...