နာနာကျင်ကျင်ရယ်မောခဲ့ကြပေါ့
ပြန်ပြောလို့ မရတဲ့
လောကကြီးကို…
ငါတို့ရဲ့လူအဖြစ်ဟာ
ကမ္ဘာစစ်ကြီးနှစ်ခုအလွန်က
အနူမြူလက်နှက်တွေကြားမှာ
ကမ္ဘာပြားပြီစာအုပ်ဖတ်နေတုန်း
ဆယ်ရှစ်ရာစုက စိုးရိမ်သောကနဲ့
ငါ့မိသားစုကို လှမ်းကြည့်မိတယ်…
မြိုသစ်က လယ်ကွင်းတွေကြားထဲမှာ
ထရံကာသွပ်မိုး ဆယ်ပေပါတ်လည်
မြေစိုက်အိမ်လေးထဲမှာ
ရှစ်တန်းကျောင်းသူငါ့ညီမလေးရဲ့
စာကျက်သံ တစ်ခါတစ်ရံလျှံထွက်ကျလာပေါ့
အဖေ့အတွက်အခက်အခဲက
ဂလိုဘယ်လိုဇေးရှင်းကို
ဘယ်လို ပက်သက်ရမလည်းမဟုတ်ဘူး
လမ်းထိပ်မီးစက်အိမ်က
အခပေးမီးကို မှန်မှန်ဝယ်ပေးနိုင်ဖို့
အစ်ကိုကြီးအိမ်ပြန်မလာနိုင်တော့ဘူး
အစ်မလတ်က အဆက်အသွယ်ပြတ်နေပြီ…
အလုပ်လက်မဲ့ ငါ့ကို
သူ့ရင်အုပ်ထဲ တင်းတင်းဆုပ်ထားတဲ့
သိန်းငှက်အိုကြီးလို အဖေ့အကြည့်…
ကျွန်တော်လူလားမြောက်ပါပြီ
အဲဒီလိုနဲ့ အိမ်ပြန်မရောက်လာနိုင်တဲ့
အဖေ့သားတွေ…
ဓါတ်ပုံထဲက ပျောက်ဆုံးသွားသူတွေကို
အမှတ်ရရင်း…
အဖေရယ် ငါ့ညီမလေးရယ်
အေးစက်စက်ညနေစာရယ်
နာနာကျင်ကျင်ရယ်မောမှုရယ်
နာနာကျင်ကျင်ရယ်မောခဲ့ကြပေါ့….။
မိုးလှိုင်ည
အတူတကွ နာနာကျင်ကျင် ရယ်မောခဲ့ပါတယ်....။
ReplyDeleteဘယ်လောက်ပဲ နာကျင်နေပါစေ.. ရယ်မောနေနိုင်အောင် ကြိုးစားသွားမယ်...နာနာကျင်ကျင် ရယ်မောနေရင်းနဲ့ပဲ.....။
ReplyDelete