Friday, April 25, 2008

အချိန်မရသူတစ်ယောက်

ချစ်တယ်ဆိုတဲ့စကားပြောဖို့

အချိန်တော့ယူရလိမ့်မယ်

ခက်တာက

အချိန်မှမရတော့တာ…

အရာရာပြန်တည်ဆောက်ဖို့

အချိန်တော့ယူရလိမ့်ပေါ့

ခက်တာက

အချိန်မှမရတော့တာ….

ခံစားမှုတွေရင့်ကျက်စေဖို့

အချိန်တော့ယူရလိမ့်မယ်

ခက်တာက

အချိန်မှမရတော့တာ….

တောပန်းလေးတွေပြုံးနေတာကအစ

မြိုပြရဲ့မိတ်ကပ်ထူထူအိပ်မက်တွေအထိ

အရာရာဟာ ကဗျာဖွဲ့လို့ရတယ်

ခက်တာက

အချိန်မှမရတော့တာ….

ပြန်မရတော့တဲ့ အချိန်တွေကို

အကြိမ်ကြိမ်ဆွဲဆန့်လို့

ခက်တာတွေသိပ်များတဲ့

လောကကြီးထဲ

ကိုယ်အတ္ထုပတ္တိကို ပြီးသလောက်ချကျွေးမိတယ်

ဒီကဗျာကိုရေးဖို့လည်း

အချိန်သိပ်မရခဲ့ပါ……..။

မိုးလှိုင်ည

2 comments:

  1. အချိန်မရတဲ့ကြားထဲက လာလာဖတ်ဖြစ်ပါတယ် မိုးလှိုင်ညရေ
    အချိန်တွေကိုမျှားယူနေရ

    ReplyDelete
  2. အချိန်မရတဲ့ ကြားက လာရေးသွားတယ်ဗျာ။

    အများသိချင်ကြတဲ့ မဟတ္တမဂန်ပြာ ကြီး ဘလောက် တနှစ် ပြည့်အတွက် ၀မ်းမြောက်ဝမ်းသာ ဂုဏ်ယူပါတယ်။

    ကျွန်တော် အရမ်း သဘောကျတဲ့ အများအတွက် နှလုံးသား အစာ လေးတွေ အဖြစ်
    ခင်ဗျားကဗျာ ရေးဖြစ်နေတယ်ဆိုရင် --

    ရေးလို့ ရသလောက် ခရီးဆန့်လိုက် ပါဦး

    balargout :P

    မိုင်တွေထောင်ချီသွားတယ် -

    ကို့လပ်ပြာကို ကိုဖမ်းဖို့ - -။

    အောင်မြင်ပါစေဗျာ။

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...