Thursday, April 17, 2008

လူထုအမေအတွက်

အဲဒီနေ့က….

မနက်လင်းအားကြီး သောကြာကြယ်ကြွေခဲ့တယ်….

စောတယ်လို့ အပြောမသာပေမယ့်

နှမြောကြတာ အပြစ်မဟုတ်ပါဘူး…..

အမေ အာသာငမ်းငမ်းတမ်းတတဲ့

လွတ်လမ်းပေါ်က မြန်မာပြည်ကို

အမေ မမြင်နိုင်တော့ဘူးပေါ့အမေ…..။

မဖြေနိုင်ပါဘူး အမေ…

တောင်သမန်မှာ စိုထိုင်းဆတွေ သိပ်သည်း

မယ်ဇယ်တန်းက ငိုညည်းနေသလို

ပိတောက်တွေမ၀ါတဲ့ ဟောဒီမြေမှာ

ဒေါနတောင်တန်းကြီးတောင်

မှိုင်တွေချနေရဲ့လေ……။

အမေဟာ သာမာန်အမေမဟုတ်ပါဘူး….

လူထုကိုကိုယ်စားပြုခဲ့တဲ့

တကယ့် “လူထုအမေ”ပါ အမေ…..။

စစ်ဖိနပ်ကိုအံတု

ခိုင်မာမှု၊ ငြိမ်းချမ်းမှုတွေနဲ့

တော်လှန်ရေးအမေတွေကိုယ်စားပြု

ထုဆစ်ထားတဲ့ “မြန်မာအမေ”ပါ…။

မျိုးဆက်သစ်တွေကို ကြိုခဲ့တဲ့အမေ

အများအတွက်၊ အားဆက်ခဲ့တဲ့အမေ

တာဝန်မကျေဘူးလို့ သားတွေကိုမဆိုရက်ခဲ့တဲ့အမေ

“ငတ်လို့ ငတ်တယ်ပြောတာပဲ”လို့

သားတို့ဘက်က ရပ်ခဲ့တဲ့အမေ…ရေ…။

ကတိပြုပါတယ် အမေ…

ရွှေပြည်တော် မျှော်မနေဘဲ

ကိုယ့်လက် ကိုယ့်တက်နဲ့ အရောက်လှော်ပါ့မယ် အမေ….။

တောင်သမန်အင်းစပ်က

အမေ့ရင်ခွင် လေပြေ နွေးနွေးမှာ

စစ်အတွင်းက ညီအစ်ကိုတစ်စုနဲ့

အကြေအညာ ကဗျာတွေထုံမွှမ်းတဲ့ညတွေ

မကြာခင် ပြန်ရ ရစေမယ်အမေ….။

ထက်ဇော် ၁၂.၄.၀၈

2 comments:

  1. ကိုမိုးလှိုင်ရေ...ကိုထက်ဇော်ရဲ့ ကဗျာလေးကိုကြိုက်လို့ ဆုဝေဘလော့ဂ်မှာ ယူတင်လိုက်တယ်နော်... ထပ်ဆင့် ဖြန့်ဝေပေးတဲ့ အနေနဲ့ပေါ့... ရတယ် ဟုတ် ( မရလဲ တင်ပြီးသွားပြီ :D )

    ReplyDelete
  2. အကိုရေ ကဗျာအသစ်တွေကို အတိုးချပြီးဖတ်သွားတယ်ဗျာ။ နှစ်သစ်မှာ ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ။ အကိုချစ်တဲ့ကဗျာတွေနဲ့ အမြဲတမ်းမွေ့လျော်နိုင်ပါစေခင်ဗျား) :)

    အကိုကဗျာတွေကို စောင့်မျှော်အတုယူနေတဲ့
    ညိမ်းညို

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...