ငါတစ်ယောက်တည်းရှိတယ်..။
အခန်းတံခါးကိုပိတ်မထားပဲ…
တံခါးခေါက်သံကိုမျော်လင့်နေတဲ့စိတ်…
တစ်ဖက်အိမ်က ကလေးတွေ…
ဒီနေ့မှ ဘာလို့ဆူညံမနေတာလည်း…
တခါတရံတော့
သူခိုးတစ်ယောက်ရဲ့ခြေသံတွေကိုတောင်လိုအပ်တယ်
ငြိမ်ဆိတ်လွန်းမှုဟာ
ငါ့နှလုံးသားကိုပေါက်ကွဲဖို့အသင့်ဖြစ်စေခဲ့
စားပွဲပေါ်က ဖန်ခွက်တွေကို
ရိုက်ခွဲလိုက်ရုံပဲလား
စိတ်က အထီးကျန်တံခါးကို အတင်းဆွဲပိတ်တယ်
ပါရီညကဖေးထဲက အမြင်အာရုံတွေကိုဆွဲနှုတ်
အခုဆို
ငါ့ကိုယ်ငါ သတ်သေဖို့လုံလောက်နေပြီ…။
မိုးလှိုင်ည
ကမ္ဘာတစ်ဖက်မှာ နင်နေထိုင်တယ်
ReplyDeleteကမ္ဘာတစ်ဖက်မှာ ငါနေထိုင်တယ်
ကမ္ဘာမြေက တို့နှစ်ယောက်ရဲ့ကြား မဆုံနိုင်အောင် ကာဆီးကာထား
ကမ္ဘာတစ်ဖက်မှာ နေ့
ကမ္ဘာတစ်ဖက်မှာ ည
နာရီမိနစ်စက္ကန့်အားလုံး စောက်ထိုးမိုးမျှော်ဖြစ်ပြီဟေ့...
“အထီးကျန်” ဆိုလို့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ အထီးကျန်ကို ဆိုကြည့်လိုက်တား)
ခန္ဓာကိုယ်က အထီးကျန်ပေမယ့် ၀ိညာဉ်နဲ့ ခံစားချက်က အထီးမကျန်ပါဘူး.. ကဗျာတွေအဖော်ရှိပါသေးတယ်...း)