Saturday, February 23, 2008

အတိတ်နာရီ

ငါ့အိတ်ကပ်ထဲမှာ

မိန်းမပတ်လက်ပတ်နာရီတစ်လုံးက

ဘယ်အချိန်လောက်ကတည်းကရှိနေတာလဲ…

ကြာပြီ

လက်ပတ်ကြိုးတွေဟောင်းနွမ်းဆွေးမြေ့နေတာတောင်

ငါကမြတ်မြတ်နိုးနိုးသိမ်းထားမိတယ်…

ဆေးပြယ်နေတဲ့ဒိုင်ခွက်သေးသေးလေးက

အခုထက်ထိအချိန်တိကျနေသေးတယ်

ငါ့ဆီပြန်ရောက်လာတတ်တဲ့လက်ဆောင်တွေကို

အဆုံးမဲ့ဖျက်ဆီးတတ်တယ်

ငါ့မာနကို မင်းလည်းအသိသားပဲ

ဖေဖော်ဝါရီ….

မင်းကတော Rado အစစ်မှပတ်ချင်သတဲ့

ပလက်ဖောင်းဈေးဗန်းထဲက

အလတ်စားနာရီတစ်လုံးဟာ

ငါ့ကဗျာနှစ်ပုဒ်စာနဲ့ ငွေကြေးတန်ဖိုးညီမျှတယ်

ဒါကို မင်းမသိခဲ့ဘူးဖေဖော်ဝါရီ….

နာရီတစ်လုံးဟာနာရီတစ်လုံးပဲဖေဖော်ဝါရီ

သူ့တန်ဖိုးက အငြင်းပယ်ခံလက်ဆောင်တစ်ခု

မဟုတ်ပါဘူး…

စံတော်ချိန်မှန်ရင်သူ့တန်ဖိုးကပြည်စုံတယ်

ငါ့လွှင့်မပြစ်ရက်ခဲ့ဘူး…

ချစ်ခြင်းမေတ္တာဟာသစ္စာရှိရုံနဲ့

မပြည့်စုံတော့တဲ့နောက်

ငါ့အိတ်ကပ်ထဲမှာ မိန်းမပတ်အတိတ်နာရီတစ်လုံးသာ….။

မိုးလှိုင်ည

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...