Sunday, February 10, 2008

ကွက်လပ်လေးများ

ဒီနေရာမှာ ပညာတတ်တွေပေါတယ်
ငါ ဆရာမ လုပ်ဖို့မလိုဘူး
ကမ္ဘာတစ်ဖက်မှာ
လမ်းပျောက်နေတဲ့ မျက်လုံးတွေရှိတယ်။

ဒီနေရာမှာ ပါရဂူတွေပေါတယ်
ငါ ဆရာဝန် လုပ်ဖို့မလိုဘူး
ကမ္ဘာတစ်ဖက်မှာ
အသက်ငင်နေတဲ့ ၀ိညာဉ်တွေရှိတယ်။

ဒီနေရာမှာ မိုးလုံ လေလုံတယ်
ငါ အင်ဂျင်နီယာ လုပ်ဖို့မလိုဘူး
ကမ္ဘာတစ်ဖက်မှာ
ကြယ်မြင်လမြင် မိသားစုတွေရှိတယ်။

ဒီနေရာမှာ အစာရေစာဝတယ်
ငါ ဘာမှ စိုက်ပျိုးနေဖို့ မလိုဘူး
ကမ္ဘာတစ်ဖက်မှာ
ဆာလောင်နေတဲ့ အစာအိမ်တွေရှိတယ်။

ဒီနေရာမှာ လွတ်လပ်မှုတွေ စီးဆင်းတယ်
ငါ အော်ဟစ်နေဖို့မလိုဘူး
ကမ္ဘာတစ်ဖက်မှာ
အပိတ်လှောင်ခံ လွတ်မြောက်လိုစိတ်တွေရှိတယ်။

ဒီနေရာမှာ နီယွန်မီးတွေလင်းတယ်
ငါ့ကိုယ်ငါ ထွန်းညှိစရာမလိုဘူး
ကမ္ဘာတစ်ဖက်ခြမ်းမှာ
အမှောင်ကြီးစိုးတဲ့ ညတွေများတယ်။

နိုင်းနိုင်းစနေ

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...