Sunday, February 10, 2008

လေဆန်ငှက်(သို့)ကဗျာ

အဆုံးသတ်မရတဲ့အမှားတွေထဲ

လူဖြစ်လာတာကအစ

သူ့ကိုချစ်ခဲ့မိခြင်းအဆုံး

ဘ၀ဟာယူကြုံးမရခြင်းနဲ့ဖုံးလွှမ်းခဲ့ပေါ့

ဖန်လုံအိမ်နိယာမကြောင့်

ကမ္ဘာကြီးပူနွေးလာခဲ့ပြီ

စိတ်စေတသိဟ်ရဲ့ဝိရောဓိကြောင့်

ငါတို့ရဲ့ကိုယ်အပူချိန်မြင့်တက်ခဲ့ပြီ

…ဘာကိုမှကြိုတွေးမထားပါနဲ့…

ဓါးသွားဟာဓါးရိုးထက်တော့ပိုရှည်သင့်တယ်

ဆင်ခြင်တုံတရားနဲ့မှားတဲ့အမှား

မေတ္တာတရားနဲ့သာဖြေပေရော့

လောကနဲ့လူ့ဘ၀ဟာ

အဆီငေါ်မတည့်စွာသဟာဇာတဖြစ်နေကျ

ကိုယ့်အလှည့်ရောက်မှ

အလွမ်းတေးလည်းမဆိုရက်တော့ဘူး

(သရုပ်ဆောင်မလုပ်ချင်လို့ကဗျာရေးတာ)

ဝမ်းစာအတွက်မပါဘူး

သံသရာအတွက်မပါဘူး

(အနုပညာတစ်ခုပဲခြွင်းချက်)

အခြားဘာမှမပါဘူး

ဒီအတိုင်းပဲလာခဲ့တယ်

ဒီလိုပဲစီးဆင်းသွားမယ်

ကောင်းကင်ကိုဆန်တက်မယ့်

အမြင့်ပျံငှက်တို့နားခိုရာ

ကဗျာ

အောင်ပေါ်ထွန်း

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...