Thursday, February 14, 2008

ဖေဖော်ဝါရီတစ်ဆယ့်လေး

နင်ပြောပြတဲ့ အချစ်ပုံပြင်က

အပျင်းကြီးတဲ့ငါ့အတွက်

ဖန်တီးမှုကင်းတဲ့ပြဇာတ်တစ်ပုဒ်လိုပါ

ကျရှုံးဘူးတဲ့ကျူတိုရီရယ်တွေအတိုင်း

ဆုံးမလို့မရတဲ့ ငါက

ပက်သက်ခဲ့ဘူးတဲ့ကောင်မလေးနာမည်ကို

စေတနာဗရပွနဲ့စာရေးခုံပေါ်မှာ ချရေးပစ်ခဲ့တယ်….။

မိုးလှိုင်ည

1 comment:

  1. ကိုမိုးလှိုင်ရေ ဖေဖော်ဝါရီတစ်ဆယ့်လေး နှစ်ပုဒ်လုံးကို ခံစားဖတ်ရှုသွားပါတယ်… ကဗျာဆရာတွေ ရင်ထဲက ခံစားချက်က ဓါးသွားထက်ထက်ပေါ်မှာ တင်ထားတဲ့ ပန်းလေးတစ်ပွင့်လိုပါပဲလား… နူးညံ့မှုတွေအောက်မှာ ထက်ရှတဲ့ ခံယူချက်အတွေးတွေနဲ့…

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...