Thursday, January 3, 2008

လူဝင်စားတွေထိုင်တဲ့ကဖေး

ဂစ်တာတီးမယ်
ပန်းချီဆွဲမယ်
ကဗျာရေးမယ်
အောင်မြင်လာတဲ့တစ်နေ့ကျရင်ပြန်ပေးမယ်
ငါတို့ကို ငွေရင်စိုက်ထားစမ်းပါ
ဘဏ်တိုက်ကြီးတွေရယ်...။
ဆေးပေါ့လိပ် ပါးစပ်မှာချိတ်
စိတ်ကူးတွေတွင်းတူးကြ
ရေနံတွင်းဆယ်တွင်းမှာ
တစ်တွင်းလောက်ပဲသေချာပါသတဲ့
အရပ်ဆယ်မျက်နှာမှာ
လက်ဖက်ရည်တစ်ခွက်က ပိုကျိန်းသေကြ
ဟိုတုန်းက...ပါရီလို
ကဖေးတစ်ခုခုမှာ ဆုံချင်ကြ
လူသစ်ဓာတ်သစ်နဲ့
ဘ၀တွေ ဘ၀ပြီး ဘ၀ပြောင်းကြ...။
မွန်ခ်ျလား
မြို့မငြိမ်းလား
ဆီလ်ဗီယာပလောသ့်
အခုတင် အမည်ပြောင်းပြီး ထွက်သွားတယ်...။
အနုပညာဆိုတာ
ကျောသားရင်သားမခွဲခြားဘဲ
လူတောထဲ ပစ်ပယ်ခံဖို့
ငါတို့ ပြန်လာကြတာပေါ့ ။...။

ဝင်းမြင့်

1 comment:

  1. ကိုမိုးလှိုင်ရေ … နောက်ထပ်ရေးထားတဲ့ ကဗျာသုံးပုဒ်လုံး ကောင်းတယ် … ဆုဝေက `နှစ်ကာလများ´ကို ပိုကြိုက်တယ် … တစ်ယောက်နဲ့တစ်ယောက် အကြိုက်ချင်းတော့ တူချင်မှ တူမှာပေါ့နော် … `ကျိန်ဆိုခံထားရတဲ့အလွမ်း´ကတော့ စကားလုံးတွေ သုံးထားတာ အရမ်းလှတယ် … `လူဝင်စားတွေထိုင်တဲ့ကဖေး´ကို ဖတ်ပြီးတော့ ဗင်းဆင့်ဗန်ဂိုးရဲ့ ကဖေးဆိုင်ပန်းချီကားလေးကို မြင်ယောင်လာတယ် … နှစ်ချို့ကော်ဖီတစ်ခွက်ဆီကနေ နောက်ထပ် ကဗျာကောင်းတွေ အများကြီး ဖတ်ရဖို့ မျှော်လင့်ထားပါတယ် ။

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...