Sunday, January 20, 2008

ကွန်ကရစ်ထောင်ချောက်

ရှုခင်းကိုအခန်းထဲတိုးဝင်လာဖို့

ငါပြတင်းတံခါးကိုဖွင့်လိုက်တယ်

ရှုခင်းကအခန်းထဲထိလျှောက်မလာဘူး

အာရုံတစ်ဆုံးဆွဲဆန့်ကြည့်တာတောင်

ငါ့ကိုယ်ငါစိမ်းလန်းမလာဘူး…

နံရံရဲ့မြင်ကွင်းက နံရံကိုကာဆီးလို့

အမေနဲ့ရွာကိုထည့်ဖွက်ထားတဲ့

ငါ့ကျေးလက်ပန်းချီကားလေးမှုန်ဝါးလို့

ငါ့ကိုယ်ငါအနံ့ခံမိတော့

ပုပ်ပုပ်သိုးသိုးအင်္ဂတေနံ့ရတယ်

ဘ၀ဆိုတာ

နံရံကိုတွယ်တက်နေတုန်း နံရံကကိုယ်ပြန်ပိတာ

အခါခါ……။

မိုးလှိုင်ည

2 comments:

  1. အစ်ကိုရေ ကဗျာလေးတွေ
    တာဝန်မပျက်လာဖတ်ပါတယ်
    တာဝန်လို့ပြောတဲ့နေရာမှာ
    ကဗျာ ကပေးတဲ့တာဝန်ကိုပြောတာပါ
    အစ်ကို့ကဗျာတွေက ဘ၀ဆန်ပေမယ့်လည်းဖတ်ရတာ တကယ်ကောင်းတယ်
    အစ်ကို ကဗျာပေါင်းများစွာကို ဆက်လက်ရေးနိုင်ပါစေနော်

    ReplyDelete
  2. အမေတိုင်း...အမေတိုင်း အစစအရာရာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ကြပါစေ။

    ဆိုးသွမ်း

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...