Sunday, January 13, 2008

နေ့ရက်များကိုတွေ့ဆုံခြင်း

အတောင်ပံဆိုတဲ့စကားစုထဲ

ကောင်းကင်တစ်ခုလုံးကိုထိုးထည့်တော့

ကောင်မလေးရဲ့နှုတ်ခမ်းသားစိုစိုမှာ

ချစ်ခြင်းကပြတ်လျှလွယ်တယ်

တံခါးကိုတွန်းဖွင့်လိုက်ရင်

ညှင်းသိုးသိုးလေကနှုတ်ဆက်သလို

လူနာဆောင်အမှတ်ခြောက်....

ပန်းသီးဆွတ်ချင်တဲ့အုတ်ကီးတွေ

အမှတ်မထင်ဝင်ခဲ့မိတယ်

အမှတ်မထင်ပြန်ထွက်သွားပေါ့

ဖျားနာနေတဲ့ဆရာဝန်နဲ့လမ်းမှာတွေ့တော့

သေခြင်းတရားကိုပြင်ဆင်ဖို့လိုမလားစဉ်းစားမိတယ်

မလိုဘူး........

မွေးဖွားလာဖို့ကလည်းပြင်ဆင်ချိန်မှမရခဲ့တာ

သိမှတ်မှားခဲ့တယ်

နေမင်းဟာပင်လယ်ထဲကိုမခုန်ဆင်းခဲ့ဖူး

ကမ်းခြေဟာ နေ၀င်ချိန်တွေကို

လိမ်ညာဖို့ကြိုးစားဆဲ............။

မိုးလှိုင်ည

6 comments:

  1. ကဗျာလေးကောင်းတယ်
    အစ်ကိုရေ

    ReplyDelete
  2. ကိုမိုးလှိုင်ကဗျာတွေ အားလုံးလိုလို ကြိုက်တယ်ဗျာ
    ကျွန်တော်ကတော့ ရေးတော့ရေးတယ် သိပ်အချိန်မပေးနိုင်သေးဘူးဖြစ်နေတယ်။
    အားကျတယ် ဗျာ…………။

    ReplyDelete
  3. ကဗျာလေးတွေကောင်းတယ်ဗျာ...အားပေးနေပါတယ်...

    ReplyDelete
  4. ကဗျာလာဖတ်သွားတယ်ဗျို့... ဖျားနာနေတဲ့ ဆရာဝန်နဲ့ လမ်းမှာတွေ့တော့ ကိုမိုးလှိုင်က သတင်းမေးလိုက်သေးလား...:)

    ReplyDelete
  5. ကိုမိုးလှိုင်ရေ
    ကဗျာလေးကကောင်းတယ်ဗျာ။ ခင်ဗျားရေးတဲ့ကဗျာကလွယ်မယောင်ယောင်
    ခက်တိမ်မယောင်ယောင်နက်တယ် ကျနော်သဘောက်အောင်နှစ်ခေါက်သုံးခေါက်လောက်ပြန် ဖတ်လိုက်ရတယ် တော်တော် အနှစ်သာရရှိတာပဲဗျ။

    ReplyDelete
  6. ဒီကဗျာလေး ကြိုက်တယ် မိုးလှိုင်ရေ..
    မိုးလှိုင်တွေ့တဲ့ ဖျားနေတဲ့ဆရာဝန် က အမ တော့ မဟုတ်လောက်ပါဘူးနော် ။ အဟဲ

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...