Friday, January 25, 2008

ဓါတ်တိုင်ဝင်စားတဲ့ လူ

လမ်းတွေကိုထွန်းလင်းပြဖို့ပါပဲ

ဘယ်ခရီးမှငါမသွားဖူးဘူး…

တချို့ကမသိလိုက်မသိဘာသာပေါ့

ငါ့အောက်ကဖြတ်လျှောက်တယ်

တချို့က ငါ့ကိုမော့ကြည့်ပြီးမှ

ငါ့ထက်ပိုလင်းတဲ့အရပ်ကို

ထွက်ခွာသွားပေါ့….။

တခါတရံ

ငါ့ကိုယ်ငါ မှောင်မိုက်မိတဲ့အခါ

တချို့ရဲ့ဆဲရေးသံတွေ လွင့်ပျံလာခဲ့တယ်

ငါဟာဓါတ်တိုင်ပါ….

ဘယ်ခရီးမှငါမသွားဘူး…

လမ်းတွေကိုထွန်းလင်းပြဖို့ပဲ

ငါ့ဆီမှာအသက်ရှိတယ်လို့

တစ်ယောက်ယောက်ကယူဆလိုက်တဲ့နေ့မှာ

ငါသေဆုံးသွားခဲ့တယ်

ငါဟာဓါတ်တိုင်ဝင်စားတဲ့လူဖြစ်လို့…။

မိုးလှိုင်ည

2 comments:

  1. ဓါတ်တိုင်ဝင်စားတဲ့ကဗျာဆရာ ကိုမိုးလှိုင်ရေ လာလည်သွားတယ်နော် ကျနော် link ထားသွားတယ်နော် လည်လည်အုံးဗျာ
    yeyintlumaw.blogspot.com

    ReplyDelete
  2. ကဗျာတွေ လာလာဖတ်ဖြစ်ပေမဲ့ ကော်မန့်တွေ ရေးမထားမိဘူး။
    ကဗျာတိုင်းက ကောင်းလွန်းနေတယ်...
    လမ်းဘေးက ဓာတ်တိုင်ပေါင်းများစွာကို ကျော်ဖြတ်ခဲ့ဖူးပါတယ်
    တစ်ခါမှ ဓာတ်တိုင်နေရာကနေ မခံစားမိခဲ့ဖူးဘူး
    မိုးလှိုင်ရဲ့ ကဗျာထဲကနေ ဓာတ်တိုင်ကို ခံစားမိလိုက်ပါတယ်
    အမြဲ ထွန်းညှိနိုင်ပါစေ

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...