Monday, December 31, 2007

ဒိုင်ယာရီ

တစ်ခုခုရေးရမှာပဲလား

စာတွေအများကြီးရေးပါဆိုတဲ့

စာတိုလေးတစ်ကြောင်းနဲ့ရောက်လာတယ်…

ငါ့ကိုယ်ငါမသေချာတော့တဲ့လူတစ်ယောက်

လူ့ဘ၀ဟာထောင်ချောက်တစ်ခုနဲ့တူတယ်

အနုပညာလားဘ၀လား….

ငါဘာမှမရခဲ့ဘူးဆိုရင်….

ဖေဖော်ဝါရီရယ်….

အစစအရာရာနုံချာခဲ့ဖူးတဲ့ငါလေ

ကဗျာလို့ရေရွတ်မိကတည်းက

သန့်စင်ထားတဲ့ဒဏ်ရာတွေနဲ့

နှစ်ကာလတွေမှာထုထည်ဖွဲ့နေထိုင်လို့

ရှုံးနိမ့်ခဲ့တယ်ဆိုရင်တောင်

မိုးသားတွေသိပ်သိပ်သည်းသည်း

ရွာသွန်းတဲ့ညနေခင်းတစ်ခု

ငါ့ရင်ထဲမှာအမှတ်ရစိုစွတ်နေလိမ့်မယ်….။

မိုးလှိုင်ည

(ဖေဖော်ဝါရီရေ မင်းပို့ပေးလိုက်တဲ့၂၀၀၈ ဒိုင်ယာရီလေးလက်ခံရရှိပါတယ်

အမှတ်ရနေမှုအတွက်ကျေးဇူးတင်ပါတယ်…နောင်နှစ်တွေကျရင်တော့

မပို့ပါနဲ့တော့ ငါအသက်ရှင်နေထိုင်ဖို့မသေချာသလို ကဗျာတွေရေးနေဖြစ်

မယ်ဆိုတာလည်းမရေရာလို့ပါ….နှစ်သစ်မှာပျော်ရွှင်ပါစေ)

2 comments:

  1. ပျော်ရွှင်ဖွယ်နှစ်သစ်ဖြစ်ပါစေ။ စာတွေ ဆက်ရေးနိုင်ပါစေ။ ကိုယ်ယုံကြည်တာကို အောင်မြင်စွာလုပ်နိုင်ပါစေ ။

    ReplyDelete
  2. နောင်နှစ်တွေမှာ အသက်ရှင် နေထိုင်ဖို့ မသေချာသလို ကဗျာတွေ ရေးဖြစ်ဖို့လဲ မရေရာဘူးဆိုပါလား...။ ဘာပဲဖြစ်ဖြစ် အသက်ရှင်နေသရွေ့တော့ ကဗျာတွေ ဆက်ရေးနေဖို့ တိုက်တွန်းပါရစေ...။ ကဗျာဆရာရဲ့ ဘ၀ဆိုတာ ကဗျာတွေ ရေးနေမှ အဓိပ္ပါယ်ရှိမှာပေါ့...။ ကိုမိုးလှိုင်ရေးတဲ့ ကဗျာတွေကို နောင်နှစ်ပေါင်းများစွာအထိ ဆက်လက်အားပေးချင်ပါတယ်။

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...