ဗုံးခွဲတိုက်ခိုက်ခံလိုက်ရတဲ့
လက်တစ်ဖက်ကရဲရဲဝံ့ဝံ့ဆုပ်ကိုင်ထားတယ်
အမှန်တရား၊တရားမျှတမှု၊
တန်းတူရည်တူလူ့အခွင့်အရေး
သူရဲကောင်းတွေရဲ့သွေးတွေနဲ့ရေးခြစ်ထားတဲ့
ဒီမိုကရေစီကျမ်းစာအုပ်ကို...။
အဲဒီမိန်းမတစ်ယောက်အလောင်းဟာ
သေတာတောင်အပြုံးနဲ
ရှည်လျားတဲ့လူသမိုင်းမှာ
သူ့နာမည်ကိုသွေးကဗျည်းထိုးခဲ့ပြီ
သူ့ပြည်သူကဘယ်တော့မှမမေ့တော့ဘူး...။
မိန်းမတစ်ယောက်ဟာ
အတွေးအခေါ်ရဲရင့်တာနဲ့
အမှန်တရားအတွက်ခေါင်းမာတတ်တာနဲ့
သူ့ပြည်သူတွေရဲ့ချစ်ခင်မှုကိုရတာနဲ့
ဗုံးခွဲတိုက်ခိုက်သင့်ပြီလား...
လုပ်ကြံသတ်ဖြတ်သင့်ပြီလား...
နှစ်ရှည်လများထောင်ချထားသင့်ပြီလား...။
၂၀၀၇နောက်ဆုံးညတွေမှာ
အာရိုယိုဆီကစစ်တပ်ကအာဏာသိမ်းဖို့ကြိုးစားတယ်
ဘနာဇာဘူတိုကိုလုပ်ကြံသတ်ဖြတ်ပစ်လိုက်တယ်...။
သာမန်ပြည်သူတွေကတော့
ပုဂ္ဂိုလ်ရေးမုန်းတီးတာနဲ့
နိုင်ငံရေးအမြင်မတူတာနဲ့
လက်နှက်ကိုင်အကြမ်းဖက်မှာမဟုတ်ဘူး..။
စစ်ပွဲတိုင်းမှာလက်နှက်ကိုင်ယောင်္ကျားတွေပါသလို
အကြမ်းဖက်မှုတိုင်းမှာလည်းလက်နှက်ကိုင်ယောကျာင်္းတွေပါတယ်
စစ်ရူးတွေပါတယ်....။
ကမ္ဘာပေါ်မှာစစ်ဗိုလ်ချုပ်တွေရှိတာ
သွေးထွက်သံယိုတွေပိုများလာတာကလွဲလို့
ဘယ်အရာမှပိုမကောင်းလာဘူး...။
ဆရာကြီးလီယိုတော်စတွိုင်း
မအောင်မြင်ခဲ့ဘူး...
မက်ခရာဘယ်လီသာအောင်မြင်ခဲ့တယ်...
၂၁ရာစုကမ္ဘာကြီးမှာ
မဟတ္တမဂန္ဒီနဲ့မာတင်လူသာကင်း(ဂျူနီယာ)တွေပေါ်မလာဘဲ
ဟစ်တလာနဲ့အိုက်ခမန်းတွေသာပိုပိုများနေလို့
သွေးညီုနံ့လွှမ်းနေတဲ့၂၀၀၇လမ်းတွေမှာ
ကမ္ဘာကြီးကိုငြိမ်းချမ်းစေချင်တဲ့
ကဗျာဆရာပိုမိုငိုရှိုက်ခဲ့ရတယ်....။
မိုးလှိုင်ည
(မစ္စဘူတိုအတွက်ကြေကွဲစွာရေးဖွဲ့ပါသည်)
Subscribe to:
Post Comments (Atom)
“ခွေးကလေး ကောက်ကောက်”
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
အစိုးရကိုယ်၌ ကသောင်းကနင်းနှင့် အဓိပ္ပါယ်မရှိ ဖြစ်နေလျှင်၊ မကူညီဘဲ စိုးမိုးအုပ်ချုပ်နေလျှင်၊ ဦးမဆောင်ဘဲ အမိန့်များသာပေးနေလျှင်၊ဤ...
-
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
အဆုံးမရှိအောင်ကျယ်ဝန်းတဲ့ အမှားထဲ တိမ်တွေကလှလိုက်တာ ကိုယ်မှာတရားနဲ့ဖြေရတယ်။ မောင်သိန်းဇော်
ဘနာဇာဘူတိုအတွက် အများကြီးစိတ်မကောင်းဖြစ်မိတယ်။ ပြည်သူတွေနဲ့ထပ်တူ ကြေကွဲဝမ်းနည်းမိတယ်။ မထင်မှတ်ထားတဲ့ အဖြစ်အပျက်မို့ အရမ်းလဲ တုန်လှုပ်သွားမိပါတယ်။ သူမဟာ လူသာ သေသွားပေမယ့် သမိုင်းတစ်လျှောက်လုံးမှာ နာမည်ဘယ်တော့မှ မသေနိုင်ပါဘူး။ အာဏာရှင်က ပြည်သူတွေရဲ့ နှလုံးသားထဲက မွန်မြတ်သော အမှန်တရားသစ္စာကိုတော့ ဘယ်လက်နက်နဲ့မှ ဖျက်ဆီးလို့မရပါဘူး။ ခံစားကြေကွဲမှုတွေနဲ့ ပုံဖော်ထားတဲ့ ဒီကဗျာလေးအတွက် ကျေးဇူးပါပဲ ကိုမိုးလှိုင်ည။
ReplyDeleteကောင်းတယ်ကွာ ...
ReplyDeleteဘောလုံးပွဲနဲ့ နှိုင်းချင်တယ်ဗျာ။ ကိုယ့်အသင်းကဖြစ်ဖြစ်၊ ပြိုင်ဘက်အသင်းတွေကပဲဖြစ်ဖြစ်၊ ကစားသမားကောင်းတစ်ယောက် ဆုံးရှုံးလိုက်ရရင် ဘောလုံးလောကကြီးတစ်ခုလုံးက တန်ဖိုးတစ်ခု ဆုံးရှုံးလိုက်ရတာပါပဲ။ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်က ပရိသတ်အကြိုက် မင်းသမီးကတော့ လူကြမ်းတွေကြောင့် တခန်းရပ်လိုက်ရပြန်ပြီပေါ့။ နောက်ထပ် နောက်ထပ်တွေ ထပ်မကြားပါရစေနဲ့တော့လို့ပဲ ဆုတောင်းကြရအောင်ဗျာ။
ReplyDelete