Sunday, December 30, 2007

ကဗျာကခုမှ ငါ့ကိုလက်ပေးသင်တုန်း

ကဗျာအခက်ကြီးတစ်ပုဒ်ရေးဖြစ်တယ်လို့

တစ်ချိန်ချိန်မှာအိပ်မက်ခဲ့ဖူးတယ်...

ပညာတတ်တွေနားမလည်နိုင်တဲ့

စကားလုံးတွေ နဲ့ အဓိပါယ်တွေ

ပညာတတ်တယ်လို့ထင်နေသူတွေမသိနိုင်တဲ့

အခွံ့ချည်းသက်သက်ကဗျာကြီးတစ်ပုဒ်

ဘုန်းတော်ဘွဲ့တွေမဟုတ်

ခေတ်ပေါ်ညည်းချင်းကဗျာမဟုတ်

လိင်ကိစ္စအသားပေးဝတ္ထုတွေလို

အသွေးအသားတွေကို

ဆူပွက်စေမယ့်စကားလုံးတွေမဟုတ်

လူပြိန်းတစ်ယောက်ရဲ့

အားအားယားယားအနုပညာတစ်ခုသာ

ဖြစ်လိမ့်မယ်...

ဘာသာစကားဘယ်နှစ်မျိုးသုံးစွဲထားသလဲ

ဝါကျတွေသဒ္ဒါပျက်နေသလို

သတ်ပုံတွေဘယ်လောက်တောင်မှားယွင်းနေမလဲ

မလိုအပ်ဘူးထင်တယ်...

ဦးနှောက်နဲ့ နှလုံးသားကိုမထိခိုက်စေပဲ

ကဗျာကိုပေါ့ပေါ့ပါးပါးဖတ်ပါ...

ကျွန်တော်တော့နည်းနည်းပြိန်းတယ်...။

မိုးလှိုင်ည

3 comments:

  1. ကို မိုးလိုင်ည ဒီကဗျာကိုသဘောကျတယ် ။ အကို ရေးသလိုပါပဲ လျောလျောလျူလျူဖြစ်နေပါတယ် ။ ကျနော်ကြိုက်တယ်။

    ReplyDelete
  2. ကဗျာတွေ အရမ်းကောင်းတယ်
    ရေးအားရော ..ဆွဲဆောင်အားရော..
    အပြည့်ပဲ …ကျွန်တော် အားကျမိတယ်ဗျာ
    ကျွန်တော်ဆီ အမြဲလာတာကျေးဇူးတင်ပါတယ်။

    ReplyDelete
  3. ကဗျာ
    ကဗျာ
    ကဗျာ
    ကဗျာ
    ကဗျာ
    ကိုမိုးလှိုင်ရေ ကဗျာတွေအရမ်းကောင်းတယ်

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...