Thursday, December 27, 2007

ကျွန်တော့်ရဲ့ပြန်မလာဖြစ်တဲ့ မိုးရာသီ

တိမ်တွေက စိမ်းလန်းမှုကိုမှ

ရွာသွန်းချင်သတဲ့လား…

သမိုင်းတစ်ခေတ်လုံး

မိုးခေါင်ခံထားရ….

ငါက ကန္တာရတစ်စင်းလေ…။

ကိုယ့်ကိုကိုယ်ထနောင်းပင်တွေလို

ချွှန်မြထားရတယ်….။

မရွာပဲထစ်ချုန်းဖူးတဲ့မိုးသားတွေကြောင့်တော့

တုန်လှုပ်ခဲ့မှာမဟုတ်ပါဘူး…။

အပူလှိုင်းတွေလောင်မြိုက်

အအေးဓါတ်တွေဖွဲ့သိုင်းလို့

အကြိမ်ကြိမ်ကွဲအက်ခဲ့ရတယ်

ငါ့ရဲ့ပြန်မလာဖြစ်တဲ့မိုးရာသီလေးရေ

မင်းကိုလွမ်းမိတဲ့ခဏပဲ

ငါ့ဆီမှာပန်းပွင့်ပါတယ်….။


မိုးလှိုင်ည

2 comments:

  1. အသိမိတ်ဆွေဖြစ်ရတာဝမ်းသာတယ်ဗျ။ ကို မိုးလိုင်ည စာတွေကိုဖတ်ဖြစ်ပါတယ်။ မှတ်ချက်မရေးခဲ့တာသာရှိတယ်။ မပန်ဒို ပြောလို့ ကျနော် လာလာဖတ်ဖြစ်တယ် ။ ကိုမျက်လုံးကိုတွေ့ရင်လဲပြောပေးပါ ။ ကျေးဇူးပါပဲလို့။ စီ ဘောက်မတွေ့လို့ မှတ်ချက်နေရာမှာ ရေးသွားတယ်ဗျို့။

    ReplyDelete
  2. အနုပညာတွေ ပေကျံနေတဲ့ ကိုမိုးလှိုင်ညရေ ညီလေး လာရောက်ဖတ်သွားပါတယ်။ ဘလော့ခ်မှာ လင့်ခ်ခွင့်ပြုနော်..
    :)

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...