Sunday, December 23, 2007

ငါ့ရင်ဘတ်မြို့ပျက်မှာ မင်းနေထိုင်တဲ့မနက်ခင်း

ကောင်းကင်တစ်ခုလုံးလင်းချင်းနေလိုက်တာ

တစ်ယောက်ယောက်ကစကားစရမှာလား..

ပြီးပြည့်စုံသွားပါပြီ…။

နှလုံးသားထဲစိုက်ဝင်နေတဲ့ အနုပညာနဲ့

ငါ…ကဗျာရှာခဲ့တယ်

အလှတရားကိုရှာခဲ့တယ်…သစ္စာကိုရှာခဲ့တယ်

တချို့ကတော့အရှုးတဲ့

တချို့ကတော့ထော်လော်ကန့်လန့်ကောင်တဲ့

တချို့ကတော့ ကလေကချေပါတဲ့

ထိုးကြတဲ့လက်ညှိုးတွေကြားမှာ

မင်းနဲ့ငါစူးစိုက်မိတဲ့မျက်ဝန်းချင်း

ဖေဖော်ဝါရီရယ်…

လက်ဘက်ရည်ကျစိမ့်နှစ်ခွက်အတူတူမှာသောက်မိတယ်

မင်းလည်းအပြောင်းအလဲတွေကြားမှာချောင်ပိတ်လို့

ငါလည်းမာနတွေနဲ့အထီးကျန်သွေ့ခြောက်လို့

ဒီမနက်ခင်းလေးကိုရောက်ခဲ့မိတာပဲ

ငါ့ရင်ဘတ်မြိုပျက်ထဲမှာ ခြေခင်းလက်ခင်းသာတဲ့နေ့ပေါ့…။

မိုးလှိုင်ည

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...