Friday, July 24, 2009

သုံးရာသီ

လနှစ်စင်းထွက်ထွက်

နေဆယ်စင်းလောင်လောင်

ငါတို့မနက်ဖြန်ဟာ

အတိအကျမှောင်နေဦးမယ်…

မယုံကြည်ပဲသွတ်သွင်းခံရတဲ့

ဘာသာရေးလို

ငါတို့ဘ၀က

ငါတို့ကိုစကားပြောခွင့်မပေးဘူး…

အရူးအမူးခေတ်ကြီးထဲ

စကိတ်စီးတဲ့လူတွေ

လေထီးခုန်တဲ့လူတွေကြား

ကိုယ်လမ်းကိုယ်သွားရင်းခေါင်းငုံ့ရတယ်

ချိုင်ကျင်းတွေများတဲ့

တို့အိပ်မက်ဟာ

လကမ္ဘာကိုတက်ဖို့မဟုတ်ခဲ့ဘူး

ရာသီအလိုက်ဂိုးသွင်းခွင့်လေး

ဒါမှမဟုတ် နေ့ပြန်အတိုးတွေအတွက်

ဂရုဏာဆုကြေး…

တွေးကြည့်ရင်ကြက်သီးထလွန်းလို့

ကိုယ်ဘ၀ကိုယ်တွေးမကြည့်တာကြာပြီ…။


မိုးလှိုင်ည

11 comments:

  1. လနှစ်စင်းထွက်ထွက်
    နေဆယ်စင်းလောင်လောင်
    ငါတို့မနက်ဖြန်ဟာ
    အတိအကျမှောင်နေဦးမယ်…
    မယုံကြည်ပဲသွတ်သွင်းခံရတဲ့
    ဘာသာရေးလို့
    ငါတို့ဘ၀က
    ငါတို့ကိုစကားပြောခွင့်မပေးဘူး…

    ကောင်းတယ် မိုးလှိုင်...း)

    ReplyDelete
  2. ဟုတ်တယ် တွေးကြည့်ရင် ကြက်သီးထတယ် ။

    ReplyDelete
  3. ကဗျာလေးကတော့ ကောင်းပါတယ် ခင်မျာ ဒါပေမယ့် လူရိုင်းလေးကတော့ ဥာဏ်မမှီလို့ နားမလည်နိုင်ပါ။

    ReplyDelete
  4. ဦးလေး ကဗျာလေး ဖတ်သွားတယ်.. ကဗျာခေါင်းစဉ်ကို စဉ်းစားနေတယ်..

    သူတော် ( 25.07.2009)

    ReplyDelete
  5. အင်းးးး
    ကိုမိုးလိုင်ရေ .......

    ReplyDelete
  6. မိုက်တယ်ဗျာ။ အပြီးသတ်တော်လှန်ရေး ဖြစ်နေပြီ။ ယုံတယ်။

    ReplyDelete
  7. ရာသီတွေ ဘယ်လိုပြောင်းပြောင်း
    နက္ခတ်တွေ ဘယ်လိုကောင်းကောင်း
    ခေတ်ဟောင်း စနစ်ဟောင်းကြီးထဲမှာ
    ဘ၀တွေလဲ တိမ်းစောင်းနေဆဲပါပဲ... ။

    ReplyDelete
  8. ကျနော်လည်း ပြန်တွေးမကြည့်တာကြာပြီဗျာ။
    ဒါပေမယ့် စိတ်ထဲတော့ အမြဲရှိနေပါတယ် ကျနော်တို့ လက်ရှိဘ၀တွေကို

    ReplyDelete
  9. ဟုတ်တယ်ညီလေး...သုံးရာသီလုံးဒီလိုပဲ
    ခြောက်ရာသီရှိရင်လည်း ဒီလိုပဲဖြစ်နေဦးမှာ

    ReplyDelete
  10. လနှစ်စင်းထွက်ထွက်
    နေဆယ်စင်းလောင်လောင်
    ငါတို့မနက်ဖြန်ဟာ
    အတိအကျမှောင်နေဦးမယ်…
    မယုံကြည်ပဲသွတ်သွင်းခံရတဲ့
    ဘာသာရေးလို
    ငါတို့ဘ၀က
    ငါတို့ကိုစကားပြောခွင့်မပေးဘူး…


    အဲဒီစာသားလေးက တော်တော်ကောင်းတယ်... တော်တော်လေးကြိုက်ပါတယ် ကိုမိုးလှိုင်ညရေ...

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...