Wednesday, July 22, 2009

သစ်တော်သီးထဲက ခေါင်းလောင်းသံ


သစ်တော်သီးထဲမှာ
ခေါင်းလောင်းသံတွေရှိနေနိုင်လား….
စကြာဝဠာထဲမှာ သစ်တော်သီးတစ်လုံး/ အများကြီး
သီးခဲ့ဖူးတယ်….
အဲဒီ သစ်တော်သီးတွေထဲမှာ
ခေါင်းလောင်းသံတွေရှိနေနိုင်တာပေါ့
ရုပ်ရှင်ရုံထဲက အထွက်မှာ သစ်တော်သီးထဲက
ခေါင်းလောင်းသံကို ကြားမိနိုင်သလို
ဘုရားကျောင်းဝင်းထဲက
သစ်တော်သီးပင်မှာလည်း
ခေါင်းလောင်းသံတွေသီးနေနိုင်တယ်…။
တချို့ဆိတ်တွေ၊ ဒါမှမဟုတ်အားလုံး
သစ်တော်သီးမစားဖူးဘူး
ပြီးတော့ မြေခွေးတွေ၊ ၀ံပုလွေတွေ
သူတို့က သစ်တော်သီးထဲက
ခေါင်းလောင်းသံကို မကြားဖူးဘူး
ကြားဖူးလည်းမသိဘူး
သိလည်းနားမလည်ဘူး
ဒါပေမယ့် သစ်တော်သီးတွေမှာ
ခေါင်းလောင်းသံတွေရှိတယ်..။
တချို့နားတွေနဲ့တော့
ကြားချင်မှကြားလိမ့်မယ်…။



မိုးလှိုင်ည

6 comments:

  1. သစ်တော်သီးထဲမှာခေါင်းလောင်းသံတွေရှိနေတယ်...

    တစ်ချို့နားတွေနဲ့မကြားနိုင်ဘူး...

    ဒါမှမဟုတ် အားလုံး သစ်တော်သီးမစားဖူးဘူး....

    ဒါမှမဟုတ် အားလုံး သစ်တော်သီးမစားဖူးဘူး....
    တစ်ချို့နားတွေနဲ့မကြားနိုင်ဘူး...
    သစ်တော်သီးထဲမှာခေါင်းလောင်းသံတွေရှိနေတယ်...

    ReplyDelete
  2. ကြားနိုင်တဲ့နားတွေ အတွက် ခေါင်းလောင်းသံတွေက ခံစားချက်ပေးပါလိမ့်မယ်ဗျာ။

    ReplyDelete
  3. သစ်တော်သီးထဲမှာ
    ခေါင်းလောင်းသံတွေရှိတယ် ...

    တစ်ချို့တွေမကြားကြဘူး ......

    ကြားနေပြီဆိုစေဦးတော့
    ဘယ်လိုကြားနာမှုမျိုးနဲ့
    ကျွန်တော်တို့ ဖူးပွင့်လိုက်ကြမလဲဆိုတာ ....

    ReplyDelete
  4. ထပ်ခါတလဲလဲ ပြန်ဖတ်ကြည့်ဖြစ်တယ်။
    နားလည်လာမလား.....လို့.....။
    နားမလည်တဲ့ ကဗျာကို နားလည်ချင်နေတာလည်း ရသ တခုပဲ ထင်တယ်နော်..း)

    ReplyDelete
  5. သစ်တော်သီးထဲက ခေါင်းလောင်းသံကို မကြားသလို ကြသလိုနဲ့...

    ReplyDelete
  6. သစ်တော်သီးထဲကို ဘယ်သူ ခေါင်းလောင်းထည့်သွားတာလဲဟင်...

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...