Friday, March 11, 2011

အသက်ရှင်စရိတ်

လူဆိုတာ အသက်ရှင်စရိတ်ပေးရတယ်

အသက်ရှင်ရတဲ့ နေရက်အတိုင်း ..

အသက်ရှင်စရိတ်က တန်ဖိုးကြီးကြီး

ဘာဘာသာကိုးကွယ်လည်း အတင်းသွတ်သွင်းခံရသလို

လူအများစုကြီး အများစုနောက်ကို ဘုမသိဘမသိလိုက်

ကိုယ်ကိုယ်တိုင်.. မိုက်ရိုင်းနေပေမယ့်

ယဉ်ယဉ်ကျေးကျေးပြုမှုနေရတာမျိုး

ပိုက်ဆံမရှိပဲ ပိုက်ဆံရှိချင်ယောင်ဆောင်ရသလို

သိက္ခာမရှိပေမယ့်လည်း သိက္ခာရှိချင်ယောင်

အတင်းလိမ္မာခိုင်းချင်တဲ့အသိုင်းအ၀ိုင်း

အတင်းကြီးကို အတင်းပြေချင်နေတဲ့ လူမှုဗေဒ

ကိုယ့်ကဗျာတွေနဲ့ကိုယ်ကိုယ်ပြန်ညာညှိနေရသေး

မလေးစားတာဟာ စော်ကားတာမဟုတ်

တကယ်ဆို ဆိတ်ဆိတ်နေချင်ပေမယ့်

အတင်းကာရောဖော အတင်းလိုက်ပေါင်းသင်းနေရ

နာမည်ကြီးချင်တာကို မကြီးချင်ဘူးလို့ညာ

ပိုက်ဆံငတ်နေတာကို ပိုက်ဆံမမက်ပါဘူးလို့ညာ

ငါဟာ ရိုးသားမှုနဲ့ကောက်ကျစ်နေရ..

အသက်ရှင်စရိတ်အရ လောကကြီးငါ့ကိုတောင်းတယ်

ငါ.. အိပ်မက်တွေ ငါ့ကိုယ်ကျင့်တရား

ငါအမှားတွေ..ငါအမှန်တရားတွေ

နံရံပါးပါးလေးတစ်ချပ်.. ကောင်းမှုမကောင်းမှုတွေက

ခေါင်းနဲ့ပန်းလို့ တစ်ဖက်ချက်ချက်တစ်ဖက် မှောက်လိုက်လှန်လိုက်

ငါ..လေ.. ငါလေ..

အသက်ရှင်စရိတ်.

ပေးချေဖို့ ငါလေနေတယ်

ငယ်ငယ် ဘ၀လေးထဲက အိပ်မက်ကလေးနဲ့တောင်

ဖြူစင်ခွင့်မရတော့ဘူးလားBold

မိုးလှိုင်ည

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...