Saturday, March 19, 2011

နေရတာ ဘယ်လိုမှ အဆင်မပြေဘူး

နေရတာ ဘယ်လိုမှအဆင်မပြေဘူး
နေရတာ ဘယ်လိုမှအဆင်မပြေဘူးဆိုတာကို အချောပြန်ကူးတာပဲဖြစ်ဖြစ် မိတ္တူပွားတာပဲ ဖြစ်ဖြစ်
သူ့နဂို အဆင်မပြေတာလောက် ထင်ထင်ရှားရှား ဖြစ်မှာမဟုတ်တာတော့ အသေအချာပဲမဟုတ်လား
နေရတာ ဘယ်လိုမှ အဆင်မပြေဘူးဆိုတာကို ရုတ်တရက်ကြီးတော့ ဘယ်သူက နားလည်ပါ့မလဲ
အမှတ်တရ သိမ်းထားဖို့ ဒါမှမဟုတ်
လိုင်းပေါ်တင်ဖို့ ဒါမှမဟုတ် အားနာပါးနာဆိုပါတော့
ကျွန်တော့်ကို ပေးလိုက်ဗျာဆိုပြီး ယူသွားတာမျိုးလည်း ကြုံရတတ်တာပဲ
အဲ . . တစ်ခါတစ်လေများကို လက်မှတ်တွေဘာတွေတောင် ထိုးပေးရတတ်သေးတာ
နေရတာ ဘယ်လိုမှအဆင်မပြေဘူးဆိုကာမှ
အဆင်ပြေလားလို့ ခဏခဏလာမေးတတ်သူတွေလည်း တွေ့ဖူးပါရဲ့
တချို့တလေများဆို ဖုန်းတွေဘာတွေ ဆက်ပြီးတော့ကိုမေးတာ
ဒါကလည်း အပြစ်ဆိုစရာမှမဟုတ်ဘဲ သူတို့လည်းနေရတာ အဆင်ပြေချင်မှပြေမှာလို့ ဖြည့်တွေးယူလို့ရတာပဲ
တစ်ယောက်ထဲဆိုတော့ ပေါက်ပြဲနေတာ ရွဲ့စောင်းနေတာမျိုးက စတာပဲ
ပေါက်ပြဲ ရွဲ့စောင်း လေးလံ ငေးငိုင်နေတာမျိုးဆိုတာ
လူငယ်တစ်ယောက်အနေနဲ့က ဖြစ်သင့်တာမျိုးမှ မဟုတ်တာဗျာ
ဒါပေမယ့် နေရတာ ဘယ်လိုမှ အဆင်မပြေဘူးဆိုတော့လည်း
အကြောင်းတရား၏ နောက်ကွယ်ပေါ့ ( မြင့်သန်း) စကားအရဆို ဆင်ခြင်ခြင်း၏အဖပေါ့ ဘယ်တတ်နိုင်မလဲ
ခေတ်ကလည်း အချစ်လိုဖြစ်နေတာကိုး
ဒါနဲ့ နေရတာ ဘယ်လိုမှအဆင်မပြေဘူးကို ဘယ်တိုက်ပို့ရင်ကောင်းမလဲဆိုတာမျိုး စဉ်းစားကြည့်ရင်ရော
သူတို့လည်း နေရတာ ဘယ်လိုမဆင်မပြေဘူးဖြစ်နေရင်
အဆင်မပြေနှစ်ခု ထိပ်တိုက်တွေ့စရာရှိတယ်
ထိပ်တိုက်တွေ့တာက သိပ်ပြီးကိစ္စရှိလှတာမဟုတ်ပေမယ့်
အဆင်မပြေနှစ်ခု သွားပေါင်းမိရင် ပြဿနာဆိုတာ ဖြစ်လာရော
အင်း . . ခင်ဗျားတို့သိတဲ့အတိုင်းပဲလေ
နေရာတစ်နေရာမှာ ပြဿနာက ကြိုရောက်နေပြီး နောက်ထပ်များ
နေရတာ ဘယ်လိုမှအဆင်မပြေဘူး တစ်ခေုထပ်ရောက်လာရင် . . .


Aမွန်

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...