Thursday, March 24, 2011

မုန်းလို့ရေးတဲ့ကဗျာ




ဂစ်တာတစ်လက်ရဲ့ အဆုံးစွန်ဆုံး ထုတ်လွှတ်နိုင်မှုဟာ
ဘယ်လိုသံစဉ်မျိုးတွေ ဖြစ်မလဲ ရိုးမန့်စ်လား ရိုးရိုးလား
ရှယ်လား ကျော်နေရတယ် ခွနေရတယ် ရိုးရိုးကျော်/ခွ
ရှယ်ကျော်/ခွ နေရတယ် နေရတာ အဆင်မပြေဘူး
ကျော်/ခွ လိုက်ရင် နေလို့ကောင်းသွားမယ် ထင်တယ်
ကလေးမကတော့ နေလို့မကောင်းဘူး ခြေဖျား လက်ဖျား
အေးနေတယ် အဖျားတွေအေးရင် ဖျားတယ်လို့ သတ်မှတ်
မလား အချစ်အကြောင်းပြောရအောင် *ညီမလေးသည်
ရုပ်ဝတ္ထုမြို့တော်သို့* ညီမလေး ငါ နင့်ကို မုန်းတယ်
နင့် အမေကြီးကိုလည်း မုန်းတယ် နင်တို့ အမျိုးတွေကိုလည်း
မုန်းတယ်
ရန်ကုန်ကို မုန်းတယ် နေပြည်တော်ကို မုန်းတယ်
ပိုက်ဆံမရှိတာကိုလည်း မုန်းတယ် ချမ်းသာတာကိုလည်း
မုန်းတယ် မုန်းတယ် မုန်းတယ် ကဗျာကို မုန်းတယ်
ကဗျာဆရာကို မုန်းတယ် မုန်းတယ်ဆိုတာကိုလည်း
မုန်းတယ် လူသားတွေက တဖြည်းဖြည်း လူသားမဆန်တော့
လူသားတွေကို မုန်းတီးလာတယ် ချစ်တီးတွေကို မုန်းတီး
တာဟာ ချစ်ခြင်းတရားတွေကို မုန်းတီးတာနဲ့ မတူဘူး
ညီမလေးက ရုပ်ဝတ္ထုမြို့တော်သို့ ထွက်ခွာသွားတယ်
ကိုယ်က တစ်ကိုယ်ရေတစ်ကာယ ရန်ကုန်မှာ
ကျန်ရစ်တယ် ဂစ်တာတစ်လက်ရဲ့ ကောက်ကြောင်းလို
ကိုယ့်ဘ၀တွေကို အချိုးအကွေ့ သိပ်မရှိဘူး
မုန်းတယ် မုန်းတယ် မုန်းတယ် မုန်းတယ် မုန်းတယ်
မုန်းတယ် မုန်းတယ် မုန်းတယ် မုန်းတယ် မုန်းတယ်
မုန်းတယ် မုန်းတယ် မုန်းတယ် မုန်းတယ် မုန်းတယ်
မုန်းတယ် မုန်းတယ် မုန်းတယ် မုန်းတယ် မုန်းတယ်
မုန်းတယ် မုန်းတယ် မုန်းတယ် မုန်းတယ် မုန်းတယ်
မုန်းတယ်လို့ ရေရွတ်ရတာကို မုန်းတယ်
အကြောင်းပြချက် မရှိပဲ မုန်းနေရတာကို မုန်းတယ်
မုန်းတယ် ကိုယ် အားလုံးကို မုန်းတယ်
ချစ်တီးတွေရော ဂစ်တာတစ်လက်ရော နင့်အမေကြီးရော
ရန်ကုန်ရော ရုပ်ဝတ္ထုမြို့တော်ရော ကျော်/ခွနေရတာရော
ညီမလေးကိုရော အားလုံး အားလုံးကို မုန်းတယ် ။


ဆူး ခ က် မ င်း
2 3 0 3 2 0 1 1 0 8 3 5 P M

https://mail.google.com/mail/images/cleardot.gif

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...