Tuesday, March 15, 2011

ဆိုးသွမ်းလူငယ်

ငါတို့လည်း တယောက်မျက်ရည်

တစ်ယောက် အရသာခံဖို့ရောက်လာ

အနုပညာလို့အော်ဟစ်

ခေတ်သစ်ကမ္ဘာလို့ကြွေးကြော်

ရန်ကြွေးနဲ့ ဒီမိုကရေစီ

ဘယ်ခေါင်းစဉ်ပြောင်းပြောင်း

ဂျင်းဘောင်းဘီဖင်ကျပ်နဲ့

စတီဒီယိုခေတ်က ကောင်တွေလည်း

ဆိုးသွမ်းလူငယ်

ခေါင်းလောင်းဘောင်းဘီနဲ့

ရော့စ်သီချင်းဆိုတုန်းကလည်း

ဆိုးသွမ်းလူငယ်

ဘောင်းဘီပွ အင်္ကျီပွ ဟစ်ဟော့တွေ ဆိုတော့လည်း

ဆိုးသွမ်းလူငယ်

အမြဲတမ်းအတွက် ငါတို့ဆိုးသွမ်းခဲ့ကြတယ်

ဆူဆူညံညံပေါ့

ဆိုးသွမ်းတဲ့လူကြီးတွေကတော့

ဘယ်ခေတ်ကမှအသံမထွက်ဘူး နာမည်မပျက်ဘူး

ငါတို့ တစ်ယောက်မျက်ရည်တစ်ယောက်အရသာခံ

တစ်ယောက်ဒဏ်ရာတစ်ယောက်ရယ်မော

ခေတ်ကြီးက ဘယ်လိုပြောပြောပေါ့

ငါတို့က ဆိုးသွမ်းလူငယ်

မိုးလှိုင်ည

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...