Saturday, April 3, 2010

သို့ဧပရယ်လ်

ဘ၀မှာ ကြုံခဲ့တဲ့ နှစ်တွေများများ
ဧပရယ်လ် ကိုရောက်ရင် ခံစားချက်တွေလှိုက်ဖိုသွားတယ်
ဧပရယ်လ်ဟာ နှလုံးသားကို အမြဲဖမ်းစားခဲ့


နှစ်သစ်ကူးမယ်...
မျော်လင့်ချက်စိတ်ကူးအသစ်နဲ့
ဧပရယ်လ်ရောက်တိုင်း ဘ၀ကိုအသစ်ပြန်ပြန်စချင်
မမြင်ရတဲ့ခွန်အားတွေနဲ့
ဧပရယ်လ်ဟာ ငါတို့အိပ်မက်တွေနုပျိုစေခဲ့


ငယ်ငယ်က ဧပရယ်လ်ကိုအမြဲလွမ်းတယ်
အသက်ကြီးလာတော့လည်း ဧပရယ်လ်ကို
ဘယ်တော့မှမမေ့ခဲ့ဘူး...
ဧပရယ်လ်ဟာ အမြဲတမ်းအမှတ်တရတွေနဲ့
ဧပရယ်လ်ဟာ.. ကမ္ဘာမြေရဲ့နေ့
ဧပရယ်လ်ဟာ... ကမ္ဘာကျန်းမာရေးနေ့


အဲဒီဧပရယ်လ်ထဲမှာပဲ..
ကမ္ဘာမြေရဲ့ ဥာဏ်ပညာအကြီးမားဆုံး
သိဒ္ဓတ္ထ မင်းသားကို
လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ထောင့်ငါးရာကျော်က
ဖွားမြင်ခဲ့ဖူးတယ်...


ဧပရယ်လ်မှာပဲ ကမ္ဘောဒီးယား ထိုင်း
လာအို မြန်မာ အဲဒီလူမျိုးတွေ နှစ်သစ်ကူးတယ်


သူများပုံစံခွက်တွေထဲနေရတာ အဆင်မပြေပါဘူးလို့
ဟစ်ကြွေးနေတတ်ပြီး ကိုယ့်ပုံစံခွက်ထဲမှာကိုယ် မွန်းကြပ်နေတဲ့သူ။
(ရည်မွန်)
ဧပရယ်လ် ဘွန်းတွေဟာ
အဲဒီလိုလည်း နေထိုင်တွေးခေါ်တတ်ခဲ့တယ်..
မျှတတဲ့စိတ်ထားနဲ့ သိမ်မွေ့မှုပေါင်းစပ်ထားတဲ့
ဧပရယ်လ်


ယဉ်ကျေးတဲ့အပြုအမူနဲ့ ပျော်ရွှင်တတ်သူ ဧပရယ်လ်
အခု ဒီစာကြောင်းတွေကို
နယူးယောက်မြို့က မမီးငယ်
မလေးရှားမှ မချိုသက်
ရန်ကုန်မြို့ဝါးတန်းလမ်းက ကိုဇော်မျိုး
လှည်းတန်းမှ ရည်မွန်
သုဝဏမှ ကိုသူရကျော်
အလုံမှ အရုပ်ကလေး
ဖေ့ဘုတ်ခ်က ညီမလေး Tim Tam
ရန်ကုန်မြို့ပေါ်က သတင်းထောက်မလေး အိမ့်ခိုင်ဦး
တို့ကိုမွေးနေ့လက်ဆောင်ပေးခဲ့ချင်တယ်..
ပြီးတော့နှစ်စဉ်နှစ်တိုင်း
ပျော်ရွှင်မှုတွေနဲ့အတူ ငါတို့ ရင်ထဲကို အလည်လာပါ ဧပရယ်လ်


မိုးလှိုင်ည

3 comments:

  1. ကဗျာလေး ကြိုက်တယ် မိုးလှိုင် .....
    ကဗျာလက်ဆောင်အတွက် ကျေးဇူးအနန္တ နော် ...
    အမ မွေးနေ့ မှာ မိသားစုနဲ့ မဆင်နွှဲဖြစ်တာ ဆယ်စုနှစ်တစု ရှိ သလို မြန်မာတို့ရဲ့  နှစ်သစ်ကူး နဲ့လည်း မကြုံဆုံ ရတာ ဆယ်စုနှစ် တခု ရှိပါ ပကော ...
    အခြေအနေ ပေးဖို့တော့ ဝေး နေဦးမှာပါ ...
    ဒါပေမယ့် ဘာဘဲဖြစ်ဖြစ် ကိုယ်ခင်မင်လေးစား ရ တဲ့ ဘလော့ မိသားစု လေးနဲ့ ရင်းနှီးခွင့် ရတာလည်း ချစ်ချစ်ခင်ခင် ကြည်နူးပျော်ရွှင်မိတာ အမှန်ပါ ....
    နောက်ဆုံး တပိုဒ်ရွတ်ကြည့် တော့ အရင်တုန်းက မြန်မာ့အသံ ရေဒီယို ကနေ မွေးနေ့လက်ဆောင် သီချင်း
    လွှင့်တာ လေး သွား သတိရ မိသွားတယ် ...
    မိုးလှိုင် ရေးသွားတဲ့ မွေးနေ့ရှင်ထဲ အမ အသက်အကြီးဆုံး မို့လား ...း) အို ရ နာ ရ ဦးမယ်လေ ....

    mie nge

    ReplyDelete
  2. "မှ ဆောင်းလှိုင်နေ့"


    ဘလောက်ဒီဇိုင်းက
    ဧပရယ်လ်အတိုင်းပါလား
ှဆွဲဆောင်မှု့အပြည့်နဲ့

    မွေးနေ့လက်ဆောင်စာရင်းမဲ့ပေမဲ့
    ဧပရယ်လ်သူစစ်စစ်ကျမအား
    ဗဟုသုတတိုးတဲ့ကျမလအတွက်
    မှတ်တမ်းကဗျာလေးပေးတဲ့အပြင်
    လွတ်လပ်စွာကဗျာခံစားခွင့်ပေးတဲ့အတွက်
    ကျေးဇူးတင်ပါသည်။

    ReplyDelete
  3. အနော့်အတွက် သပ်သပ်ထပ်ရေးပေးပါ။ ဒါပဲ..။
    :D


    ရည်မွန်

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...