မကံ့ကော်
ချစ်တယ်ဆိုတာ နှလုံးသာနဲ့ အရှုံးပေးတဲ့ ကိစ္စနှစ်ကိုယ်တူ အတ္တ
တွေကို တံခွန်တိုင် တက်ပြလို့မှမရနိုင်တာ…။
မကံ့ကော်က ဖယောင်းသား ဆိုရင် ကျွန်တော်ကတော့အလယ်က
မီးစာ အပ်ချည်ကြိုးလေး ဖြစ်လိမ့်မယ်…
အတူတူလောင်ကျွမ်းဖို့ ဒါမှမဟုတ်လည်း အတူတူလင်းရှကြဖို့
ဘ၀က အဲဒီလို ပြဠန်းခံဖြစ်ပြီးသားလား မကံ့ကော်ရယ်…
ချစ်ခြင်းမေတ္တာ မပါရင် ကျွန်တော်တို့ ခန္တာကိုယ်အတ္တထုထည်တွေက
ကမ္ဘာမြေကို လေးလံစွန်းထင်းစေတာ ကလွဲလို့ ဘာများပိုဖြစ်နိုင်မှာမို့လည်း..။
ကန္တရဆန်တဲ့နေ့စွဲတွေမှာ ကိုယ့်ကိုယ်ကို စိမ်းလန်းအောင်
မကံ့ကော်ကို ချစ်တဲ့စိတ်နဲ့ စိုက်ပျိုးထားခဲ့ရတယ်…
နွေလယ်လေပြင်းတွေကြားထဲမှာ
မကံ့ကော်လည်း မငြိုးမခြောက်ပွင့်လန်းဝေဆာနိုင်ပါစေ..။
မကံ့ကော်ရေ ဆယ်စုနှစ်တွေကတော့ လေထဲမှာပျောက်ပျက်သွားပါပြီ…
ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် လွမ်းတတ်နေတုန်းလေ..
မကံ့ကော်ကို စတွေ့တဲ့ ဆောင်းမနက်ခင်းထဲက လေပြည်တွေဟာ
ကျွန်တော့်ကို ပွေ့ဖက်ထားတုန်းလို့ ကျွန်တော် တစ်ခါတစ်ခါ ခံစားမိနေတယ်..
မကံ့ကော်..။
ပူပြင်းလောင်မြိုက်လွန်းတဲ့ ကမ္ဘာမှာ နေသာထိုင်သာရှိပါရဲ့လား မကံ့ကော်
ဗဟိဒ္ဓ အရေးအခင်းတွေကြားမှာ ကဗျာရေးတဲ့ ကောင်လေးအကြောင်းကို
မကံ့ကော်မေ့ကောင်းမေ့နေနိုင်ပါတယ်…
ကျွန်တော်ကတော့ စာရွက်အလွတ်တွေ တွေ့တိုင်း
မူလတန်း ကလေးတစ်ယောက်လို မကံ့ကော်ဆိုတဲ့ စာလုံးပေါင်းကို
မတော်တဆ မေ့ဖြစ်သွားမှာစိုးလို့ ချချရေးဖြစ်နေတယ်…
ဆယ်စုနှစ်တွေကြာတာတောင် မကံ့ကော်ရဲ့ စာသင်ခန်းထဲမှာ
ကျွန်တော် အောင်မှတ်မရသေးဘူးလေ..။
မေးခွန်းတွေ အားလုံးအတွက် ကျွန်တော်မှာ အဖြေ တစ်ခုပဲရှိတယ်…
အဲဒါ
မကံ့ကော်ကို ချစ်တယ်…။
မိုးလှိုင်ည
Subscribe to:
Post Comments (Atom)
“ခွေးကလေး ကောက်ကောက်”
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
ငါ့ ဆံပင်တွေရှည်နေပြီ … ငါ့ အတွေးစတွေကလည်းရှည်ရှည်လျားလျား စာကိုတော့ ခပ်တိုတိုပဲ ငါရေးတတ်ချင်တော့တယ်… ငါ့ အိမ်မက်တွေရှည်ရှည်လျားလျာ့း ငါ ကေ...
-
နပိုလီယန်မဟုတ်ဘူး ကူဗလိုင်ခန်မဟုတ်ဘူး ဂျူးလိယက်ဆီဇာမဟုတ်ဘူး ဂျော့ဝါရှင်တန်မဟုတ်ဘူး မိုးလှိုင်ညဟုခေါ်ဆိုပါရန်.... ကျန်စစ်သားမဟုတ်ဘူး နရသီဟပတေ့မ...
ကဗျာလေးက နုလှ ကြွရွလို့ ရသ ပေါ်ပါပေတယ်...ဝေမျှခံစားသွားပါတယ်...
ReplyDeleteနည်းနည်းပြောမယ်နော်
ReplyDeleteပြဋ္ဌာန်း
ခန္ဓာ
ကန္တာရ
အဲလိုထင်တယ်။ အဟီး ဆရာကို ဆရာပြန်လုပ်တယ်လို့ မထင်ပါနဲ့
တကယ်သာချစ်ခဲ့ပြီဆိုရင် စာရွက်လွတ်တွေမှာ စာလုံးပေါင်းတွေ မထိုးပဲနဲ့ကို ကျောက်သားပေါ်အက္ခရာတွေတင်နေပြီးသား ဖြစ်နေတတ်တာ..
ReplyDeleteတစုံတဦးကိုသာ ရည်ရွယ်ခဲ့တဲ့ကဗျာဆိုရင်ဖြင့်
ကြွေစရာလေးပါ
"မကံ့ကော်က ဖယောင်းသား ဆိုရင် ကျွန်တော်ကတော့အလယ်က
ReplyDeleteမီးစာ အပ်ချည်ကြိုးလေး ဖြစ်လိမ့်မယ်…
အတူတူလောင်ကျွမ်းဖို့ ဒါမှမဟုတ်လည်း အတူတူလင်းရှကြဖို့"
ဖယောင်းတိုင်မြင်တိုင်း
သတိရနေမှာပါ..........
မကံကော်ဆိုပိုတောင်ကြွေသွားအုန်းမှာ..........
ကဗျာရေးသူကော ကဗျာဖတ်သူကော ကံကောင်းအောင် ကံကော်ပန်းဘုရားကပ်ပြီးဖယောင်းတိုင်
ဆီမိးထွန်းပြီးဆုတောင်းကြရအောင်.....
မကံ့ကော်ကို ချစ်တယ်…။
ReplyDeleteလို့ မထည့်ပါနဲ့ဆို...
:P