Monday, April 19, 2010

ခဏခဏ .. ဘာမှလာမရှင်းပြနဲ့

အမြဲတမ်းကဗျာတွေ
တဖွဲဖွဲရွာကျမယ်လို့
ဘယ်သူမျှော်လင့်လို့ရမှာလည်း
ကျွန်တော်ဟာ ကုန်ကြမ်းရှာ ကုန်ချောရှားတဲ့
စက်ရုံအိုကြီး တစ်ခုမဟုတ်ပါဘူး…။

ဆင်တဲဘက်မှာနေတုန်းက
သော့ပိတ်ထားတဲ့ စက်ရုံအသစ်စက်စက်ကြီး
တစ်ရုံတွေ့ခဲ့ဖူးတယ်..
ဒေသခံတွေ ပြောတာတော့ ဓါတ်ပြားစက်ရုံတဲ့
သူက မလည်ပါတ်ရပဲ ခေတ်ကုန်သွားခဲ့တယ်လေ…။

တစ်နေ့ချင်းပြန်ပြောနေရရင်
ကျွန်တော်ဘယ်လောက် အမောဆို့လိုက်မလည်း
ပျော်ချင်ယောင်ဆောင်ထားရတဲ့ အမှောင်မှာ
အရည်ပျော်မတတ်အေးခဲလို့…။

မိုးလှိုင်ည

9 comments:

  1. တစ်နေ့ချင်းပြန်ပြောနေရရင်
    ကျွန်တော်ဘယ်လောက် အမောဆို့လိုက်မလည်း
    ပျော်ချင်ယောင်ဆောင်ထားရတဲ့ အမှောင်မှာ
    အရည်ပျော်မတတ်အေးခဲလို့…။

    အကြိုက်ဆုံးပါပဲ...း)

    လေးစားခင်မင်လျက်
    မကြေးမုံ

    ReplyDelete
  2. မောပြီးပြန်သွားပါတယ်..

    ReplyDelete
  3. ဟုတ်ပါ့ ခဏခဏ ရှင်းပြရတော့... ကြားတဲ့သူလည်း ငထုံတွေဖြစ်ရတာပေါ့နော်... မောပါတယ်ဗျာ..

    ReplyDelete
  4. တစ်နေ့ချင်းပြန်ပြောနေရရင်
    ကျွန်တော်ဘယ်လောက် အမောဆို့လိုက်မလဲ ....

    ReplyDelete
  5. "ခဏခဏ .. ဘာမှလာမရှင်းပြနဲ့"
    I like this title alot ! :)

    ReplyDelete
  6. ကုန်ကြမ်းပျောက် ကုန်ချောမလောက်တဲ့
    စက်ရုံသစ်ကြီးလေ..

    တဖွဲဖွဲ မရွာရင်တောင်
    ဖျောက်ဖျောက်လေးတော့လုပ်ပါ
    စောင့်နေတဲ့ ပရိသတ်ကရှိနေတဲ့ဟာ..

    ခု ဓါတ်ပြားတွေ ပြန်လည်ပတ်နေပီ
    အေးခဲမတတ် အရည်ပျော်ရင်းနဲ့...

    ဟီ ဟိ

    ခင်မင်လေးစားစွာဖြင့်
    မမမေ .. (ဟုတ်ဘူး) မမမီး
    :P

    ReplyDelete
  7. ရှင်းပြတာနဲ့ ပြောပြတာကွာပါတယ်နော်
    အခုတခါပြောပြတာပါနော်
    အခုခရီးတခုလမ်းခလယ်မှာရောက်နေတာ
    စုပြီးဖတ်နေရတယ်
    မောနေသေးလို့
    နောက်မှပြန်လာပြောတော့မယ်နော်

    ReplyDelete
  8. လူကြို ကြည့်တော့ ခပ်ငယ်ငယ် -“ ဥာဏ်” ကတော့ အင်မတန် ကျယ်။
    ထယ်ဝါလွန်းတဲ့ စာ စကား တို့များလက်မြှောာက်ရတော့မှာပါလား။

    တကယ့်ကို တော်တဲ့ ကို“ဥာဏ်ကျယ်”လေးပါပဲ ။ လူနဲ့တောင် မလိုက်ဘူးထင်တယ် ။

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...