Thursday, April 8, 2010

သုံးနှစ်ပြည့် ဧပြီ…

သုံးနှစ်လုံးလုံး အပူချိန်တွေ ဆက်တိုက်မြင့်မားနေတယ်… ဒီနောက်ဆုံး သုံးနှစ်လုံးလုံးလည်း.. ကျွန်တော် ရန်ကုန်မြို့ပေါ်မှာ အခြေချနေထိုင်နေဆဲပါ.. ပိုစ့်တွေ တင်လိုက်ဖြုတ်လိုက်. .. မြန်မာစာ လက်ကွက်ကလည်း ရခါစ.. ဘယ်ဖောင့်စ်နဲ့ ရိုက်မှန်းမသိပဲ .. ဘလော့စပေါ့ပေါ် စာတွေ ရေးလိုရေးနဲ့ မြင်ချင်တဲ့အခါ မြင်ရတာ.. ကိုယ့်ဘရောက်ဇာမှာတောင် လေးထောင့်တုံး တွေပေါ်လိုပေါ်နဲ့… နောက်ဆုံး ဧပြီ ၈ရက်ရောက်မှ တည်တည်ငြိမ်ငြိမ်ဖြစ် သွားတယ်… မနိုင်းနိုင်းစနေ ကျေးဇူးနဲ့… အဲဒါက ၂၀၀၇ ခုနှစ်… အပြင်လည်း သိပ်မထွက်ဖြစ်ဘူး ကိုနေဘုန်းလတ်နဲ့ လက်ဘက်ရည်ဆိုင်ထိုင် စကားတွေပြောဖြစ်တယ်.. ပြီးတော့ တိတ်တိတ် ဆိတ်ဆိတ် ကဗျာတွေ ရေးဖြစ်တယ်.. အဲဒီတုန်းက ကိုပွတ်အပါအ၀င် သူငယ်ချင်းလေးငါး ယောက်လောက်ပဲ ပုံမှန်လာဖတ်ကြတယ်… အခုတော့ အဲဒီသူငယ်ချင်းတွေ ကွန်မန့်တွေ ကတောင်လွမ်းစရာ ဖြစ်ကျန်ခဲ့ပါပြီ…

ပထမဆုံးကွန်မန့်

ကျွန်တော်လွတ်ကျခဲ့တဲ့မြို့တော် said...
on
May 9, 2007 8:41 PM
ဟက်ထိတယ် ... မင်းရဲ့ ဖေဖော်ဝါရီလေးကတော့ ဘယ်လိုနေမယ်မသိဘူး ...
ဒုတိယကွန်မန့်

mmblogbook2 said...
on
May 26, 2007 5:56 PM
အစ်ကိုရေ - စာအုပ်အတွက် အစ်ကို့ ဘလော့ဂ်က ကဗျာ ၃ ပုဒ်တင်ပေးလိုက်ပါတယ်။ အိပ်မက်ရာသီ၊ ရင်ဝေးငှက် နဲ့ မျှားနေကြသူများပါ။ ပါဝင်ကူညီမှုကို ကျေးဇူးတင်ပါတယ်။ သဘောမတူတာရှိရင်လည်း သိပါရစေ။ ကျွန်တော့် လိပ်စာကတော့ http://myanmaroa6.blogspot.com ပါ။

Mr.Pooh (for MM Blog Book)
တတိယကွန့်မန့်
နိုင်းနိုင်းစနေ said...
on
May 8, 2007 1:36 AM
ကဗျာတွေကို တစ်ပုဒ်ချင်း သေချာပြန်ဖတ်မိတယ်...အကုန်ကောင်းတယ် သိလား...များများရေးနိုင်ပါစေး)
အဲဒီစာမူခတွေနဲ့ ကျွန်တော် ဆက်လက်ချီတက်လာခဲ့တာ အခု သုံးနှစ်မြောက် ဧပြီထဲထိရောက်လာ ခဲ့ပါ တယ်.. တစ်ခါတစ်လေတော့ ဘလော့မရေးချင်တော့လောက် အောင် စိတ်ပျက်ခဲ့ရတာမျိုးတွေ ရှိပါတယ် .. ကွန်မန့်ဆိုတာ အမြဲတမ်းအကောင်းတွေ မရနိုင်ပါဘူး.. ကွန်မန့်ထဲကနေ လာဆဲကြတဲ့ ချစ်ဖို့ကောင်းတဲ့ အမည်မသိ လူယဉ်ကျေးတွေ ရှိတတ်ပါတယ်.. မဆိုးပါဘူး.. အဲဒီလောက်ဆို ကျွန်တော် ရဲ့ ဆိုဒ်ကို လာရောက်လည်ပါတ်သူရှိသေးတယ်ပေါ့.. အင်တာနက် ကော်နက်ရှင်တွေက တဖြည်းဖြည်းပိုနှေးလာတယ်.. မီးတွေ က ပိုပျက်လာတယ်.. အပူချိန်တွေ ပိုတက်လာတယ် ပြီးတော့ လူငယ်တစ်ယောက်ရဲ့ လမ်းမတွေဟာ ပိုပြီး ပျက်စီးလာတယ်… ကျွန်တော် ရန်ကုန်မြို့ပေါ်မှာ ရှိတုန်းပါ အွန်လိုင်းပေါ်မှာ ကဗျာအတူရေးဖြစ်တဲ့ သူငယ်ချင်း တွေရှိလာတယ်… အပြင်မှာ ရန်ကုန်မြို့ပေါ်က ဘလော့ အတူရေးဖက် သူငယ်ချင်းတွေနဲ့ လည်း ထိစပ်လာတယ်.. ဒီနေ့အထိ ရန်ကုန်ကနေ ဘလော့ ရေးတဲ့ သူငယ်ချင်းတွေကို လည်း လေးစား ယုံကြည်ရင်း .. ကျွန်တော်လည်း နောက်ထပ်သုံးနှစ် ဘလော့ရေးဖြစ်နေဦးမှာလား … ကိုယ့်မေးခွန်းကို သက်ပြင်းရှည်တွေ နဲ့ ပြန်ဖြေရင်း..

အခု ဒီနေရာလေးမှာ ကျွန်တော်ရေးထားတဲ့ အက်ဆေးလေးတွေ အီးဘုတ်ခ် ဒေါင်းလုပ် ဆွဲလို့ရနိုင်ပါတယ်… သူငယ်ချင်းတွေ သင်္ကြန်းတွင်းဖတ်ဖို့ပါ.. ကိုသိုးထိန်းဒီဇိုင်းလုပ်ပေးပါတယ်…။
အားလုံးကိုကျေးဇူးတင်ပါတယ်..
မိုးလှိုင်ည

11 comments:

  1. ၃ နှစ်ပြည့် ပြီးသွားပေမဲ့ နောက်ထပ်လဲကဗျာတွေ အများကြီး ရေးနိုင်လိမ့်မယ် လို့ ယုံကြည့်နေမိတယ်

    ရေးပြီးသား ကဗျာစာရင်းကို ကြည့်ပြီး တကယ်အံ့သြရပါတယ်

    comment တွေဟာ အင်အားဖြစ်စေတာမှန်ပေမဲ့
    comment လာမရေးပေမဲ့ တကယ့်နှစ်နှစ်သက်သက် ဖတ်နေတဲ့သူတွေလဲ ရှိပါတယ်

    ကဗျာဆိုတာ နှလုံးသားကို တစုံတရာ လာမမှန်ပဲနဲ့ ရေးလို့ရတတ်တာမျိုး မဟုတ်သလိုပဲ နှလုံးသားကို လာမှန်ခံရတဲ့သူတိုင်းလဲ ကဗျာရေးဖို့ မစွမ်းနိုင်ကြပါဘူး

    နောင် နှစ်ရာချီ တဲ့ထိ.. ကျန်းကျန်းမာမာနဲ့ ကဗျာလှလှ တွေ ဖန်တီးရေးစွမ်းပါစေ

    ခင်မင်စွာနဲ့
    မမသီရိ

    ReplyDelete
  2. ရေးပါကွာ... တောင်းပန်ပါတယ်.. ဗြောင်းဆန်နေတာပဲ...

    ReplyDelete
  3. သုံး နှစ်မှ သုံးဆယ် ... ခြောက်ဆယ် ... ကိုးဆယ်... တရာ့နှစ်ဆယ် တိုင် စေသော်ဝ် .....

    mie nge

    ReplyDelete
  4. သုံးနှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာ
    ဆက်လက်ရေးနိုင်ပါစေလို့
    ဆုတောင်းပေးလိုက်ပါတယ်။
    ပျော်ရွှင်ပါစေ။

    ReplyDelete
  5. "လေးလပြည့်ပါပြီ"

    လေးလလုံးလုံးအအေးမှတ်ဆက်တက်မြင့်မားနေတယ်.
    ဒီ၎လစလုံးဒီကဗျာလေးတွေရဲ့ဘလောက်မှာ
    အခြေချနေထိုင်ဆဲပါ...
    သူငယ်ချင်းတယောက်အကူအညီနဲ့
ဲမြန်မာစာလက်ကွက်ကလည်းရခါစ..
    ဘယ်ဖောင့်စ်နဲရိုက်ရမှန်းမသိ..
    ကဗျာတွေကူးတော့လည်း
    လေးထောင့်တုံးတွေပေါ်လိုပေါ်..
    နောက်ဆုံးဒီဧပြီရောက်မှဘဲ..
    တည်တည်ငြိမ်ငြိမ်ဖြစ်သွားတယ်..

    နောက်ထပ်သုံးနှစ် ဘလော့ရေးဖြစ်နေဦးမှာလား … ဒီမေးခွန်းကိုလည်း ထပ်မေးပါရစေ... .
    အင်းလို့ သက်ပြင်းရှည်တွေနဲ့ဖြေလိုက်လို့..
    ကျေးဇူးပါဘဲလေ....

    ပင့်သက်တွေတင်ရင်း နေ့တနေ့ရဲ နေ့နဲ့ည အကူးအချိန်မှာ
    အချိန်ပေးထားတဲ့ဘလောက်တခုပေါ့

    ကျေးဇူးတင်ပါတယ်
    ကြည်နှုးရိပ်

    ReplyDelete
  6. ရေးပါကွာ....နှစ်သုံးထောင် ဂုရု ဖြစ်တဲ့ အထိပေါ့..း)

    ReplyDelete
  7. မမသီရိပြောခဲ့သလိုပေါ့အစ်ကိုရယ်။ကျနော်မပြောတော့
    ဘူးဗျာ....။ကျွန်တော်ကတော့ကဗျာပဲဖတ်တာများ
    တော့ အက်ဆေး ကိုတော့မဒေါင်းသွားတော့ဘူး။
    goodLuck ကိုမိုးလှိုင်။

    ReplyDelete
  8. မမသီရိပြောခဲ့သလိုပေါ့အစ်ကိုရယ်။ကျနော်မပြောတော့
    ဘူးဗျာ....။ကျွန်တော်ကတော့ကဗျာပဲဖတ်တာများ
    တော့ အက်ဆေး ကိုတော့မဒေါင်းသွားတော့ဘူး။
    goodLuck ကိုမိုးလှိုင်။

    ReplyDelete
  9. မမသီရိပြောခဲ့သလိုပေါ့အစ်ကိုရယ်။ကျနော်မပြောတော့
    ဘူးဗျာ....။ကျွန်တော်ကတော့ကဗျာပဲဖတ်တာများ
    တော့ အက်ဆေး ကိုတော့မဒေါင်းသွားတော့ဘူး။
    goodLuck ကိုမိုးလှိုင်။

    ReplyDelete
  10. ကိုမိုးလှိုင် ကဗျာလေးတွေ reader က ဖတ်ဖြစ်ပါတယ်..သိုးထိမ်းတို့ မောင်ဖုန်းတို့ဆီလို အမြဲမမန့်ဖြစ်တာ တခုပါပဲ..သူတို့နဲ့က နောက်နေကြပြောင်နေကြမို့ပါ၊..ဆက်..ဆက်..ပြီး ..လက်သွက်လိုက်ပါဦးဗျာ

    ReplyDelete
  11. comment တွေဟာ အင်အားဖြစ်စေတာမှန်ပေမဲ့
    comment လာမရေးပေမဲ့ တကယ့်နှစ်နှစ်သက်သက် ဖတ်နေတဲ့သူတွေလဲ ရှိပါတယ်...
    Yeah..i also wanna say like this...
    And I do believe that you have a lot of real reader, regular reader who reads your blog.
    Pls go ahead...

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...