Monday, April 5, 2010

ပြိုကျသွားတဲ့ မနက်ဖြန်

ပြိုကျဖို့က စက္ကန့်ပိုင်းလေးပဲလိုတယ်
ငါတည်ဆောက်ခဲ့ရတာ တစ်ဘ၀စာ
အခုတော့ မင်းပြန်မရောက်လာတဲ့
ညနေခင်းတွေထဲ...
ငါဟာငေးနေကျလမ်းလေးကို
ဆွေးနေကျအဆွေးတွေနဲ့..
ငါစောင့်ဆိုင်းနေဆဲပါ... ။

အရင်လိုပါပဲ
ဂျင်းဘောင်းဘီအဟောင်းလေးနဲ့ကောင်လေးလေ
ဂျစ်တစ်တစ် ကန်တန်တန်...
မင်းပြောပြတဲ့ မနက်ဖြန်တွေကို
လက်ခါခါပြတတ်တယ်...။


အနုပညာမပါပဲ..လူရာမ၀င်ချင်ဘူး..
ဆင်းဆင်းရဲရဲနေမယ်
စိတ်ဓါတ်တွေမွဲခြောက်မနေရင်ပြီးတာပဲ
ညနေခင်းလေးကိုဆွဲထားတဲ့ ပန်းချီကားထဲက
နတ်သမီးလေးပျောက်သွားပြီ...


မင်းအတွက်ရင်မှာ တစ်နေရာစာကိုယ်ဦးထားတယ်
ဗဒင်သီချင်းလေးကိုခပ်တိုးတိုး ညည်းမိ
ပိုင်ရှင်မဲ့ နေရာလေးတဖြည်းဖြည်းဟောင်းသွားပြီး
သဲမုန်တိုင်းတွေကြောင့် တွန့်ကွေးသွားတဲ့လမ်းကလေးကနေ
ရင်ထဲက ရိုမန်တစ်အိမ်ကလေးဆီ
မင်းပြန်လျှောက်မလာနိုင်ခဲ့တော့...


နောက်ဆုံးစက္ကန့်မှာ ကောင်လေးက
စီးကရက်ကိုထိုးချေလိုက်တယ်...
ပြိုကျသွားခဲ့ရတာက တစ်ဘ၀စာလေ...။

မိုးလှိုင်ည

2 comments:

  1. "ပြိုကျသွားတဲ့ မနက်ဖြန်"

    (၁) ညနေခင်းတွေထဲ...
    ငါဟာငေးနေကျလမ်းလေးကို
    ဆွေးနေကျအဆွေးတွေနဲ့..
    ငါစောင့်ဆိုင်းနေဆဲပါ...
    မင်းအတွက်ရင်မှာ
    ဗဒင်သီချင်းလေးကိုခပ်တိုးတိုး ညည်းမိ
ိ ညနေခင်းလေးကိုဆွဲထားတဲ့
    ပန်းချီကားထဲက
    နတ်သမီးလေး

    (၂)ဂျင်းဘောင်းဘီအဟောင်းလေးနဲ့ကောင်လေးလေ
    ဂျစ်တစ်တစ် ကန်တန်တန်...
    မင်းပြောပြတဲ့ မနက်ဖြန်တွေကို
    လက်ခါခါပြတတ်တယ်...။

    (၃)ရင်ထဲက ရိုမန်တစ်အိမ်ကလေးဆီ
    မင်းပြန်လျှောက်မလာနိုင်ခဲ့တော့...

    နောက်ဆုံးစက္ကန့်မှာ
    တည်ငြိမ်စွာနဲ့စနက်တန်ဖြုတ်နိုင်တဲ့
    ကိုတည်ငြိမ်ကြီးးးးးးးးးးးးးးးးးး

    ဆရာကိုမိုးလှိုင်ညရဲ့ ဒီကဗျာတွေကစာသားအချို့ကို ခဏဘေးဖယ်ပြီးခံစားကြည့်တာ အဓိပ္ပါယ်ကွဲသွားတယ်နော်
    အခုမူရင်းအတိုင်းပြန်ထားပြီးပြီနော်
    လေးစားစွာဖြင့်

    ReplyDelete
  2. ခံစားချက်ထိရှပါတယ်။
    ဆက်ရေးပါဗျာ..
    ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေ။

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...