ဗုံးတွေမကွဲဖို့
ကာကွယ်ဆေးမရှိသေး
တိတ်ဆိတ်သွားတဲ့အသံမှာ
အရေးပေါ်တုန့်ပြန်ချက်များ
စွပ်စွဲခံလျာထားချက်များ
စီအိုင်အေကလည်း
လက်ညှိုးတွေလျှောက်လျှောက်ထိုးတယ်
အမ်အိုင်၆ကလည်း
လက်ညှိုးတွေလျှောက်လျှောက်ထိုးတယ်
ကေဂျီဘီကလည်း
လက်ညှိုးတွေလျှောက်လျှောက်ထိုးတယ်
မော့ဆက်ကကော
ဟားမာစ့်ကကော
အယ်ခိုင်းဒါးကကော
လက်ညှိုးတွေလျှောက်လျှောက်ထိုးတယ်
မီးတောင်ပေါက်ကွဲတာရော
ငလျင်တွေလှုပ်ခတ်တာရော
မုန်းတိုင်းတွေတိုက်ခတ်တာရော
ဘယ်သူတွေကြိုတင်စီမံနေကြတာလည်း
အတ္တတွေမဖောက်ခွဲခဲ့ရင်
အားလုံးလုံလုံခြုံခြုံအိပ်စက်နေရမှာ
နင်းထားတဲ့မြေကြီးကို
မိုးထားတဲ့ကောင်းကင်ကိုစိတ်မချနိုင်ရတဲ့ကြားက
တိတ်ဆိတ်သွားတဲ့အသံမှာအရေးပေါ်တုံ့ပြန်ချက်
ဗုံးတွေမကွဲဖို့ ကာကွယ်ဆေးထုပ်လုပ်ပေးကြပါ…။
မိုးလှိုင်ည
Subscribe to:
Post Comments (Atom)
“ခွေးကလေး ကောက်ကောက်”
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
သူတို့အဆုတ်၊ ထားခဲ့မြုပ်သည့် ဗုံးငုတ် တိုက်မှား၊ မောင်ပြောက်ကျားကို ရွာသား ရွာသူ၊ မေးကြမြူသည် အူအူယမ်းငွေ့ထတုန်းတည်း။ အမောင်...
-
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
သူ့ကိုကြည့်ပြန်တော့လဲ အဲဒီကကို မတက်တော့ဘူး ကိုယ်ရပ်နေသလိုလို သူသွားနေသလိုလို၊ မဟုတ်ဘူး ဘယ်သူမှ မသွားဘူး ဘယ်သူမှမရပ်ဘူး သွားတယ်ရပ်တယ်ဆိုတ...
ဟုတ်တယ်...အားလုံး လုံခြုံအေးချမ်းစွာနဲ့  အပူပင်ကင်းကင်း နေနိုင်ကြရင် သိပ်ကောင်းမယ်..
ReplyDeleteအတ္တတွေ မဖောက်ကွဲခဲ့ရင် အားလုံးလုံလုံခြုံခြုံ အိပ်စက်ရမှာ .....
ReplyDeletemie nge
ကာကွယ်စရာ ဆေးလဲမရှိသလို
ReplyDeleteကုသစရာ နည်းလည်းမရှိဘူး