Monday, November 23, 2009

ထောင်

မည်သူမဆိုအတွက်အများပိုင်နေရာ
လူတန်းစားမရွေးရောက်ရောက်လာတတ်ပေါ့
တံခါးတွေမှာ အ၀င်အထွက်အမြဲရှိသလို
ထောင်တွေမှာလည်း အ၀င်အထွက်ရှိတယ်
ပြီးတော့
ကံကြမ္မာရှိတယ် ရောဂါဘယရှိတယ်
မိတ်ဆွေစစ်တွေရှိသလို
ရန်သူစစ်စစ်တွေလည်းရှိတယ်
မတရားမှုရှိသလို လက်စားချေမှုလည်းရှိတယ်
ပညာရေးရှိသလို မိုက်မဲမှုလည်းရှိတယ်
ဆေးရုံရှိသလို တရားရုံးလည်းထပ်ရှိတယ်
ပညာရေးရှိသလို သေဒဏ်စီရင်ချက်လည်းရှိတယ်
ဆင်းရဲသားတွေရှိသလို လူချမ်းသာလည်းရှိတယ်
အရောင်းအ၀ယ်ရှိသလို ပြန်ပေးဆွဲမှုလည်းရှိတယ်
လူ့အဖွဲ့အစည်းမှာ ထောင်ရှိသလို
ထောင်ထဲမှာလည်း လူ့အဖွဲ့အစည်းရှိတယ်
ဘာသာကြီးလေးမျိုးရှိသလို ဘာသာမဲ့တွေအတွက်
ဘာကိုမှ မကိုးကွယ်ခွင့်လည်းရှိတယ်…
အရက်စက်ဆုံး အကျဉ်းထောင်တွေဟာ
မြိုတော်ဟောင်းကို လူတွေလာကြည့်သလိုမျိုး
ကမ္ဘာပေါ်မှာ နာမည်ကြီးပြတိုက်ကြီးတွေဖြစ်လာရဲ့
သေခြင်းနဲ့ အကျဉ်းထောင်အတွက်…
လူတော်များများက ပြင်ဆင်မှု မရှိခဲ့ကြဖူး…
တကယ်တော့ ထောင်ဆိုတာ..
လူတွေက လူတွေကို ထောင်ထောင်ဖမ်းတဲ့နေရာပေါ့…
ထောင်တွေရှိနေတိုင်း
သေချာတယ် တစ်နေရာရာမှာ မတရားမှုတွေရှိနေတယ်ဆိုတာ….။


မိုးလှိုင်ည

7 comments:

  1. ကောင်းလိုက်တဲ့ကဗျာပဲ မိုးလှိုင်ည ရေ.. ခင်ဗျား အတွေးတွေ ခင်ဗျား စကားလုံးတွေ ခင်ဗျားရဲ့ စေတနာတွေ အားလုံးကို လေးစားလျက်

    ReplyDelete
  2. Ko Moe Hlaing..,
    Your poems are too nice after day by day..

    ReplyDelete
  3. ထောင်တံခါးတွေ အမြဲပွင့်နေပါစေဆိုတဲ့ စကားလေးကိုသွားပြီးသတိရမိတယ် ညီလေးရာ...

    ReplyDelete
  4. Meaningful, thoughtful and got deepest feeling through this one. Thank you.

    ReplyDelete
  5. လူလူချင်း ထောင်ဖမ်းတဲ့နေရာ
    အမိုးဖွင့်ထားတဲ့ထောင်ချောက်
    အိမ်ခြေယာမဲ့မှသည် မင်းစိုးရာဇာဟောင်းတွေအထိ
    လူတန်းစားမရွေးဗြောင်ကျကျ လက်ခံခဲ့တယ်.
    သူရဲကောင်းတွေအတွက်တော့ ထောင်ဆိုတာလှောင်ပြောင်ရယ်မောစရာ

    ReplyDelete
  6. ဒီတခါတော့ ခြေရာချန်ခဲ့ပြီ...ကြိုက်တယ်

    ReplyDelete
  7. ဒီကဗျာကို တော်တော်လေးသဘောကျတယ် ကိုမိုးလှိုင်ညရေ ..

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...