အမြည်းရမယ်ဆိုရင်တောင်
ဒါဟာ ချစ်စရာကောင်းတဲ့ အနုပညာ
ဝင်စို့ ထွက်စို့ လုပ်လို့မရပေမယ့်
ဝင်သက်ထွက်သက်မှာ
အဖိုးအနဂ္ဂထိုက်အောင်မှတ်လို့ရတယ်
အဖြစ်အပျက်မှာ
အဖြစ်ရှိအောင်နေထိုင်နည်းအတတ်
သေတမ်းကစားနည်းမှာ ဗျူဟာရှိတယ်
ကံစိတ်ဥတုအာဟာရပါတယ်
ဓမ္မ၊ အဓမ္မပါတယ်
ပေးလို့ရတယ် လှုလို့ရတယ်
ယူလို့ရတယ် ကူလို့ရတယ်
ပူလို့ရတယ် မူလို့ရတယ်
ဘေးထိုင်လို့မရဘူး ဘုကျလို့မရဘူး
မာန်ဝင့်လို့မရဘူး ကံမြှင့်လို့မရဘူး
သေတမ်းကစားနည်းမှာ အားလုံးဟာလက်ရည်တူ
တစ်ဘ၀ယူမလား နှစ်ဘ၀ယူမလား
ခုနှစ်ဘ၀ယူမလား ဆယ်ဘ၀ယူမလား
တစ်ကမ္ဘာယူမလား အသေင်္ချေယူမလား
ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်
စိတ်ပါရင် အိပ်ချိန်မယူပဲလည်းကစားလို့ရတယ်
သေတမ်းကစားနည်း
အားလပ်ချိန်နဲ့ အချိန်ပိုမပေးဘူး…
အသက်ရှိရင် မပါမဖြစ်…။
မိုးလှိုင်ည
Subscribe to:
Post Comments (Atom)
“ခွေးကလေး ကောက်ကောက်”
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
သာမန်နေ့လေးတစ်နေ့ပါပဲ ငါမွေးလာတော့ … အဲဒါ ငါ့မွေးနေ့ဖြစ်လာတယ်… တချို့တွေသေဆုံးသွားတော့ အဲဒါဟာ ဈာပနနေ့ဖြစ်လာတယ်… ငါက မွေးနေ့ပွဲလ...
-
အစိုးရကိုယ်၌ ကသောင်းကနင်းနှင့် အဓိပ္ပါယ်မရှိ ဖြစ်နေလျှင်၊ မကူညီဘဲ စိုးမိုးအုပ်ချုပ်နေလျှင်၊ ဦးမဆောင်ဘဲ အမိန့်များသာပေးနေလျှင်၊ဤ...
-
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
This comment has been removed by the author.
ReplyDeleteသေတမ်းကစားနည်း လာကစားသွားတယ်နော်။ ဟဲဟဲ
ReplyDelete