Saturday, November 28, 2009

ပျောက်ဆုံးသွားသော နံနက်ခင်းများ…

နံရံပေါ်က ဆေးသားအဟောင်းတွေ ကွာကျနေတယ်… တကယ်ဆို

ကံကြမ္မာစာအိတ်ပေါ်မှာ ဘယ်လိပ်စာမှတပ်မထားဘူး…

အမှန်မှာ မှားနေတယ်ဆိုတော့ …

အမှားမှာ မှန်နေတတ်တယ်လို့ ဆိုချင်တာလည်း….

အဓိပါယ်ချည်းသက်သက်နဲ့တော့ ဘွဲ့ရလက်မှတ်တွေယူမနေချင်

ဘယ်သူက ပြန်ထူးမှာလည်း … ကြိယာတွေကို ခေါ်နေတာလေ…

ဘယ်ကမ်းခြေက တိုက်တဲ့ လေညှင်းလည်း ရိုက်ခတ်မိတော့

အေးစက်မာကျောလို့… ပြောကြည့်လေ.. သဘောတူလက်မှတ်ရေးထိုးဖို့

နှလုံးသားကို ရေခဲရိုက်… ဒါဟာပို့ကုန်အသစ်ဖြစ်ချင်ဖြစ်မှာပေါ့….

နံနက်ခင်းဆိုတာ လင်းပွင့်ဖို့ ကြိုးစားတိုင်း လောင်မြိုက် လမ်းပေါ်ကို နှင်ထုတ်လိုက်တဲ့

လောဘ က ဘာလည်း ဒီနေ့ အောင်မြင်ဖို့ဆိုတာ မိုးလင်းတိုင်းရမိတဲ့ နောင်တလို့

ဘာအတွက်လည်း ဘာကြောင့်လည်း အမှောင်မှာ မရေမရာ ထောင်ချောက်ကျနေတယ်…

လူများ လမ်းမများ နံနက်ခင်းများ တဖြည်းဖြည်းေ၀၀ါးသွားတယ် နှစ်တွေလည်းကြာပြီ

ငယ်ငယ် တစ်ခါတုန်းက ဆိုတာတွေ ရုန်းထွက်မရသေးပါလား…

လျှာနှစ်ခွနဲ့ မြွေလို … အကြောင်းပြချက်နှစ်ခုနဲ့ လမ်းမ … ဆန့်ကျင်ဘက်တွေကို

ဆက်သွယ်ထားနေတုန်း… ရုန်းထွက်ကြည့် ပြန်လည် နစ်မြုတ် … တဆစ်ဆစ်ဆွဲနှစ်နေတဲ့

နှစ်ကာလတွေထဲ… ပျောက်ဆုံးသွားတဲ့ မနက်ခင်းတွေ… ကမန်းကတမ်းဇာတ်သိမ်းလိုက်ရတယ်…

မနက်ဖြန်အတွက် အာဂျင်ဒါ အသစ်တစ်စောင်ရေးဖို့…။


မိုးလှိုင်ည

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...