Sunday, November 1, 2009

နွေဦးရာသီကိုမှ ကိုးကွယ်ချင်နေတဲ့ကောင်…။

တကယ်ဆို သေလို့ရတာကငါ…
အသည်းကွဲ ပက်လက်ဖောင်းပေါ်မှာ
ဂျင်းဘောင်းဘီအဟောင်းနဲ့ထိုင်လို့
ငါ့ကိုအငိုက်မိစေတဲ့
အသံတိတ်ချိန်ရွယ်တိုက်ခိုက်မှုထဲမှာ
မင်းရဲ့တိတိရိရိ နှုတ်ခမ်းပါလေးတွေပါတယ်..
ကိုယ်ကိုယ့်စွဲချက်တင်
ကိုယ့်ကိုယ်စီရင်ချက်ချ
ဒီနွေဦးကုန်တာနဲ့ ငါ့ကိုယ်ငါကွပ်မျက်ပစ်လိုက်ရမယ်..
အဲဒါဆို မင်းကိုချစ်တဲ့အချစ်တွေ
ဘယ်တော့မှမသေဆုံးနိုင်ဘူး…
ဟောဒီဂလက်ဇီတစ်ခုလုံး
ကိုယ်ချစ်မိတဲ့အကြောင်းကို
ဝန်မခံရဲတဲ့ကောင်..
ကမ်းခြေနှစ်ခုစာပိုလွမ်းခဲ့ရပေါ့…
သဲသောင်ပေါ်မှာ
မင်းကိုချစ်တဲ့အကြောင်းတွေရေးရင်တောင်
ငါ့ချစ်စိတ်ကြောင့် အဲဒီသဲစာလုံးတွေဟာ
ကျောက်ဖျာလုံးလုံးဖြစ်ရော့မယ်…
မင်းနဲ့ငါ လေယာဉ်ခရီးစဉ် တစ်နာရီကွာနေတာပဲ
ကံကောင်းမှုလား နွေရာသီ…
ငါက ကိုယ့်ကိုယ်ကြိုးစင်ပေါ်တင်ပြီး
မင်းရဲ့ မှော်ဝင်အလှမှာ
သေဆုံးခွင့်ရချင်တယ် နွေဦးရာသီ…။


မိုးလှိုင်ည

5 comments:

  1. သင့်ကြိုးစင်ပေါ်၌ သင့်ဝိဉာဉ် ငြိမ်းချမ်း ပါစေ သတည်း . . .။

    ReplyDelete
  2. အချစ် ဆိုတဲ့ အရာနဲ့ ထိခိုက်မိကြတဲ့အခါ လူတိုင်းက ကိုယ့်ကြိုးစင်ပေါ် ကိုယ်တက်မိကြတော့တာပါပဲ လေ

    ကဗျာလေး က လှလိုက်တာ ကွယ်
    မှော်ဝင်အလှ ..ဆိုတဲ့ စကားလုံးလေး ကြိုက်တယ်

    ReplyDelete
  3. ငါက ကိုယ့်ကိုယ်ကြိုးစင်ပေါ်တင်ပြီး
    မင်းရဲ့ မှော်ဝင်အလှမှာ
    သေဆုံးခွင့်ရချင်တယ် နွေဦးရာသီ…။

    ကောင်းလိုက်တာဗျာ...

    ReplyDelete
  4. ဒီကဗျာလေးကို ပိုသဘောကျပါတယ်

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...