Saturday, June 13, 2009
ငါ့ကိုယ်ငါ တစ်ဝက်တိတိမုန်းတယ်
Tuesday, December 2, 2008
ငါ့ကိုယ်ငါ တစ်ဝက်တိတိမုန်းတယ်
သမ္မတနစ်ဆင်ဟာ
သူ့ရန်သူတော်စာရင်းမှာ
သူနာမည် ပထမဆုံးရေးခြစ်ခဲ့ရသလို
ဒီနေ့မှာငါ့ကိုယ်ငါမုန်းတဲ့အကြောင်းတွေ
ရေးခြစ်ခဲ့ရပြီ။
ပထမဆုံးငါဟာအလွန်အမင်းမာနကြီးတတ်တာပဲ
တချို့အချိန်တွေမှာ အဲဒီမာနက
သိပ်အသုံးကျပြီး
တချို့အချိန်တွေမှာ မိုက်မဲလွန်းရာကျတယ်..
အဲဒီအတွက် ငါ့ကိုယ်ငါတစ်ဝက်တိတိမုန်းတယ်
ထင်ပေါ်ကျော်ကြားလိုတဲ့ငါဟာ
တစ်ခါတစ်ခါ လူရာမ၀င်ချင်ပြန်ဘူး
အဲဒီ ဒုတိယအချက်အတွက်လည်း
ငါ့ကိုယ်ငါ တစ်ဝက်တိတိမုန်းတယ်
မသေချာတဲ့ စိတ်ကူးတွေနဲ့
ငါ့လောင်းကစားလုပ်ပစ်ခဲ့တဲ့ဘ၀ကြောင့်
ငါ့မိခင်ရဲ့မျော်လင့်ချက်တချို့ကြေပျက်ခဲ့ရတယ်
အဲဒီအတွက်လည်း ငါ့ကိုယ်ငါ တစ်ဝက်တိတိမုန်းတယ်
ကမ္ဘာကြီးကို ချစ်မြတ်နိုးစွာအလုပ်အကျွေးပြုလိုပြီး
ဆာလောင်နေတဲ့ ခွေးအတစ်ကောင်လို
ကမ္ဘာကြီးကို ဆူဆူညံညံ မာန်မဲခဲ့တာလည်းငါပဲ
အဲဒီအတွက် ငါ့ကိုယ်ငါတစ်ဝက်တိတိမုန်းတယ်
ကိုယ်ကိုယ်တိုင်လဲပြိုမတတ်ဆိုပေမယ့်
အားနည်းတဲ့ဘက်က ရပ်တည်ချင်ခဲ့တာလည်းငါပဲ
အင်အားနည်းလွန်းလို့ ငါဖေးကူချင်တဲ့သူတွေက
ငါ့ကိုပြန်ထူပြီး ဟားတော့ အရှက်ရခဲ့တဲ့အတွက်လည်း
ငါ့ကိုယ်ငါ တစ်ဝက်တိတိမုန်းမိတယ်
အမှန်တရားအတွက် ဓားတစ်လက်ဆိုပြီး
တစ်ခါတစ်ရံ တရားပျက်ခဲ့တာလည်းငါပဲ
ငါ
ငါ
ငါ…ငါ
အဲဒီငါတွေအထပ်ထပ်ကလည်း
ငါ့ကိုယ်ငါမုန်းတဲ့အချက်ပဲ…
ငါကပုထုဇဉ်စစ်စစ်ပါ
အဲဒီအတွက်ငါ့ကိုယ်ငါတစ်ဝက်တိတိမုန်းပြီး
ကျန်တစ်ဝက်က ငါ့ကိုယ်ငါချစ်တတ်သေးတယ်
အထက်ပါစကားလုံးတွေက
ငါ့ကိုယ်ငါတစ်ဝက်တိတိမုန်းမိတဲ့အကြောင်းများဆိုပါတော့..။
မိုးလှိုင်ည
8 comments:
  1. ကိုမိုးလှိုင်ညရေ
    ဒီကဗျာလေးအရမ်းကြိုက်ပါတယ်။ ကိုယ့်ခံစားချက်နဲ့ အရမ်းကိုကိုက်ညီနေတယ်လို့ ခံစားရပါတယ်။
    ReplyDelete
  2. ဦးလေး ကိုယ့်ဟာကို တော့ အမုန်းကြီး မမုန်းပါနဲ့..
    သူတော်
    ReplyDelete
  3. ကဗျာကောင်းတစ်ပုဒ်ကို နှစ်သက်စွား ခံစားသွားပါတယ် ။
    ReplyDelete
  4. ဒီကဗျာ ထဲ မှာ ကဗျာဆရာ မိုးလှိုင်ည ရှိတယ်
    ပျော်ရွှင်ပါစေ နော်
    ReplyDelete
  5. မနှစ်က ဒီဇင်ဘာမှာ တစ်ဝက်တိတိ မုန်းတယ်... ဒီနှစ် ဇွန်လမှာ အပြည့်မုန်းလိုက်ပြီ ဆိုတော့... နောက်နှစ်ဆိုရင်တော့.....
    တစ်ခုပဲ မှာမယ်...ကိုယ့်ကိုယ်ကိုယ် ဆူစိုက်တော့ မလုပ်လိုက်နဲ့နော်...
    tag မိတာ တရားခံဖြစ်မှာစိုးလို့ :)
    ReplyDelete
  6. အစ်ကိုတော်ရယ် မုန်းလှချည်းလား........ဒါပေမဲ့ ကဗျာလေးက တော့ မိုက်ပါပေ့ရှင်။
    ReplyDelete
  7. ကိုယ့်ကိုယ်ကို မုန်းတဲ့ ခံစားချက်က ပြင်းလွန်းတာ မကောင်းပေမယ့်၊ ဖတ်လိုက်ရတဲ့ ကဗျာလေးကတော့ ကောင်းနေတယ်ဗျာ..း)
    ReplyDelete
  8. မိုးလှိုင်ရေ
    ကဗျာလေးကအရမ်းကောင်းတယ်
    ဒါပေမဲ့
    No one's perfect တဲ့
    အဓိကက မိမိရဲ့ weak point
    ကိုယ်ကိုယ့်ကို နားလည်ပြီး
    ပြုပြင်ချင်စိတ်ရှိတာလေးနဲ့တင်
    လူသားပီသနေပါပြီ
    :)
    ReplyDelete
“ခွေးကလေး ကောက်ကောက်”
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...