Monday, June 15, 2009

ဇွန် ၁၅ ထဲက မြို့

၁၉၄၀ ဇွန် ၁၅

ပါရီကို နာဇီတွေသိမ်းပိုက်လိုက်တယ်။

မာရှယ်ဖဲလစ်ပီတိန်းက

ဇူလိုင်လထဲမှာ သူ့ကိုယ်သူသမ္မတတဲ့

ဗီရှီမြို့ကို အစိုးရုံးတချို့နဲ့ သံရုံးတွေရွှေ့ပြောင်း

အဲဒီအခင်းအကျင်းမှာ

အီလျာအာရင်ဘတ်ရဲ့ ပါရီကျဆုံးခန်းကို

တစ်ကမ္ဘာလုံးဖတ်လိုက်ရတယ်…

ပါရီက သမိုင်းစာမျက်နှာပေါ်ကို

ဝင့်ဝင့်ထည်ထည်ပြန်ပေါ်လာခဲ့ပေါ့

(ဟောလိဝုဒ်လိုကြော်ငြာထိုးရရင်

အားလုံးမျှော်လင့်စောင့်စားနေတဲ့

The Ragoon Return ကိုဆက်လက်တင်ဆက်ဖို့ရှိတယ်…)

ကောက်ချက်နှစ်ခုဆွဲကြည့်မိတယ်…

ဖက်ဆစ်တွေဟာ မြို့တော်သစ်တည်ရတာဝါသနာပါတယ်

နောက်ပြီး ဘယ်တော့မှလည်းမအောင်မြင်ဘူး….။


မိုးလှိုင်ည

6 comments:

  1. ဇွန် ၁၅ ရက်နေ့မှာ ဇွန်၁၅ ထဲကမြို့ဆီရောက်လာတယ်..

    ပါရီကျဆုံးခန်းဟာ..အဆုံးအရှုံးတွေကို
    အလှပဆုံးသီကုံးထားတဲ့ ရတနာလည်ဆွဲပဲ..

    မိုးလှိုင်
    ဖက်ဆစ်တွေ မြို့သစ်တည်ရတာ ၀ါသနာပါတယ်
    ဒါပေမယ့်
    မအောင်မြင်ဘူး..မဟုတ်လား...

    ReplyDelete
  2. The Rangoon Return
    The Myanmar Return

    ဒီနှစ်ကားလုံး ကြည့်ခွင့်ရပါရစေ

    ReplyDelete
  3. ဒီလို ဇွန် ၁၅ ရက်နေ့မှာ ကိုယ်လူ့လောကထဲ ရောက်ခဲ့ရတယ်။

    ReplyDelete
  4. ဒီကဗျာကို ဖတ်ရင်း ကဗျာဆရာကိုစောဝေကို သတိရတယ်..အာရင်ဘတ်ပေါ့ဗျာ.. နာနာကျင်ကျင်လဲခံစားရတယ်...
    ဖက်ဆစ်တွေ မြို့တည်တာ အဖြူရောင်နှလုံးသားတွေနဲ့ဆိုတော့..
    မအောင်မမြင်ပေမယ့်.. သွေးတွေ တပွက်ပွက်..

    ReplyDelete
  5. အကိုရေ..
    ဒီကဗျာကတော်တော်လေးထိတယ်ဗျာ..
    မြို့သစ်တည်တဲ့ဖက်ဆစ်တွေ..ဟုတ်စ

    ReplyDelete
  6. အော် ဖက်ဆစ် ဖက်ဆစ် တော်တော်ရှုပ်တဲ့ကောင်တွေ လူတွေကို သက်သက်လာနှိပ်စက်ဖို့ရောက်လာတယ်

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...