“မြို့တော်”
ဒီမြို့က
ဘာမှသာ မဟုတ်တယ်
မာနတခွဲသားနဲ့
ဂလိုဘယ်လိုက်ဇေးရှင်းကို အဖက်မလုပ်တဲ့ မြို့..။
ဒီဝရုန်းသုန်းကားမြို့ထဲ
ကောလဟလတွေ ခေတ်စားတယ်
မောဟရာဂတွေ နေရာမလပ်ပဲ
စောရ၀ါဒတွေ ခေတ်ကောင်းချိန်လေ
လောကပါလဆိုတာ ချိုနဲ့လား
ခွင်တည့်ရင် အပိုင်ချည်လိုက်မယ်ဆိုတာချည်း
ကဲ.. နားနားပြီးဝါး နင်နေမယ်။
မျက်ရည်စက်တွေကို ဘီယာခွက်ထဲထည့်သောက်မလား ရတယ်
ကာရာအိုကေတစ်ယောက်တည်းဆိုရမှာ ပျင်းသလား ရတယ်
စိတ်ကြွဆေး၊ စိတ်ထဆေး လိုချင်တာပြော ရတယ်
ဟိုတယ်မှာ တစ်နေ့လုံး အခန်းမငှားချင်ဘူးလား ရတယ်
ခဏတာစိတ်ကျေနပ်မှုကို ငွေကြေးနဲ့ လဲမလား ရတယ်
သရေအရှုံး ၁လုံး ငါးမူးနိုင်.. ငါးပုလင်း၊ တစ်ပုံး ကြေးကိုဖုန်းနဲ့ပြော
တပတ်စာ တခါရှင်း မိုးအလင်းဘောပွဲလောင်းမလား ရတယ်
ကိုယ့်လူ.. လိုချင်တာပြော နငယ်မနှောနဲ့ ကျန်တာရတယ်။
လရောင်ဝိုးတ၀ါးအောက် = တမြို့လုံး = ၀ိုးတိုးဝါးတား
မြို့သူမြို့သားတွေရဲ့အနာဂတ် = ၀ိုးတိုးဝါးတား
ကိုးယိုးကားယား ၀ုန်းဒိုင်းကြဲနေတဲ့ မီးစက်တချို့က လွဲလို့
တမြို့လုံး မှောင်အတိကျ ..
မြို့တော်ဆိုတဲ့ အမည်နာမကို အမှောင်ထဲ ဘယ်လိုမှ ဖတ်မရတော့ဘူး။
ခေလွန်း
ကဗျာ
ReplyDeleteကဗျာ
တကယ်ကို ပီပြင်တဲ့ကဗျာ
ကဗျာဆိုတာ
ခါးသည်းတဲ့ အမှန်တရားကို
ဒီလို လှလှပပ လည်း ဖော်ပြလို့  ရပါလားလို့ 
အသိတစ်ခု ရသွားပါတယ်။ ။