Wednesday, June 3, 2009

နောက်ဆုံးခံတပ်

ရန်ကုန်အကြောင်းဆို
သွေးမတိတ်လို့ ငါ့သူငယ်ချင်းတွေလည်း
ငါ့ကို့ မြင်ပြင်းကပ်လှရော့မယ်
ဒီတစ်ခါလည်း ငါရေးပါရစေ…
ဒီတစ်နေ့ပေါ့
အမှိုက်တွေပုံထားတဲ့ ဘဏ်လမ်းထဲမှာ
ငါ့ကျောင်းနေဖက်ဇော်မင်းနဲ့တွေ့တယ်လေ..
လမ်းဘေးလက်ဘက်ရည်ဆိုင်လေးမှာထိုင်ပြီး
ငယ်ငယ်က အကြောင်းတွေကို
ရေနွေးကြမ်းနဲ့မြည်းတာပေါ့..
ဘိုစိန်ကဆန်ဖရန်စ္စကိုရောက်နေပြီး
အသေးလေးက ဆွှစ်ဇာလန်မှာတဲ့
ဝင်းနိုင်က အင်းစိန်မှာ
ဒီဗီဒီစက်တွေပြင်နေပြီး
အာကာကျော်က ကျောက်ရေတွင်းမှာ
ရန်ကုန်မြို့ထဲမှာလူနည်းနည်းလေးပဲ
ကျန်တော့တာငါစဉ်းစားမိတယ်…
ကိုဆင်ကြီးက ချန်ဂီလေဆိပ်အ၀င်မှာ
အဆက်အသွယ်ပြတ်တောက်နေပြီး
မခိုင်ရည်က သူ့ယောကျာင်္းရှိရာ ရှန်ဟိုင်းကို
လိုက်သွားတယ်တဲ့…
ရန်ကုန်မြို့ကို
ငါတို့ လူနည်းနည်းလေးနဲ့ခံတိုက်နေရတယ်
သူငယ်ချင်းကနောက်ဆုံးရထားနဲ့အိမ်ပြန်တယ်
ငါက ဒူးမလွတ်တဲ့ အဓိပတိတက်စီးပြီး
အင်တာနေရှင်နယ်စတန်းဒတ်က
ငါတို့ရန်ကုန်နဲ့ စကေးမကိုက်တာကို
စိတ်ပျက်နေမိတယ်…
ဒါပေမယ့်
ဒါဟာငါရဲ့နောက်ဆုံးခံတပ်ပဲ
အလုပ်လက်မဲ့အခြေအနေမှာတောင်
ငါရန်ကုန်က ဆုတ်ခွာလို့မရခဲ့ဘူး….။


မိုးလှိုင်ည

4 comments:

  1. လေးစားပါတယ် ကိုမိုးလှိုင်..။

    ReplyDelete
  2. ရန်ကုန်မြို့ကို
    ငါတို့ လူနည်းနည်းလေးနဲ့ခံတိုက်နေရတယ်

    အားလုံး နိုင်ငံခြားမှာချည်းပါလား... :D

    မိုးလှိုင်ညကို အမေရိကားသွားပါဆိုပြီး လေယာဉ်လက်မှတ်ဝယ်ပေးရင်တောင် သွားပါ့မလား မသိဘူး... လေးစားပါတယ်

    ReplyDelete
  3. ကဗျာရဲ့ အကြောင်အရာကောင်းတယ်ဗျာ ခေတ်ကိုထင်ဟတ်လွန်းတယ်

    ReplyDelete
  4. ရန်ကုန်အကြောင်းကို စုံနေအောင် အမျိုးမျိုးဖွဲ့တာ ဖတ်လို့မရိုးနိုင်ဘူး ....

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...