Tuesday, June 9, 2009

ကမ္ဘာကြီးအကြောင်း ထထမေးနေတဲ့လူ

အမှန်တကယ်တော့

သူကိုယ်တိုင်လည်း နံရံပေါ်က မီးဆိုင်းလို

ပြောင်းပြန်ချိတ်ဆွဲခံနေရတာပါ…။

ပြင်းပြင်းထန်ထန်ပြုတ်ကျဖို့

ခပ်မြင့်မြင့်ကိုတက်ခဲ့ရတာပေါ့

နာနာကျင်ကျင်ပျော့ညံ့ခဲ့သမျှ

သေသေချာချာကိုမာကျောခဲ့ရတယ်

နှစ်ဆယ်ရာစု အလယ်ပိုင်းသားတွေဟာ

အကုန်လုံးလယ်သမားမျိုးရိုးတွေပဲ

သွေးနွေးခဲ့တဲ့ မနက်ခင်းတွေ

စိုစိုစွတ်စွတ်နဲ့လှမ်းယူလည်း

ကမ္ဘာကြီးမှာဒီထက်ပိုစိုက်ပျိုးလို့မရဘူး

တောမီးကလည်းကွက်တိကွက်ကျားလောင်နေဦးမှာ….

သူ့ဆီမှာ မှောင်နေတဲ့အနာဂါတ်တွေရှိတယ်

အတော်များများဆီမှာ အဲဒီအတိုင်းပဲ

ရွေ့လျားစက်လှေကားပေါ်မှာ

တစ်ယောက်နဲ့တစ်ယောက်အတင်းကျော်ဖြတ်နေစရာမှမလိုတာ

အဲဒီနေ့ကရောက်လာမယ်

အဲဒီနေ့ကို တကူးတကသွားစရာမလိုလှဘူး…

တောင်ပေါ်ကနေ ကိုယ့်ကိုယ်ကိုတွန်းချလိုက်တယ်

နောက်ဆုံးစကား

မင်းဆီမှာစီးကရက်ကျန်သေးလား

အဲဒီအချိန် သူစီးကရက်သောက်ဖြစ်ခဲ့ရင်

……

သူ့ကိုယ်သူ စိတ်ကုန်ပေမယ့်

ကမ္ဘာကြီးကိုသူစိတ်ကုန်မှာ မဟုတ်ဘူး…।။


မိုးလှိုင်ည

4 comments:

  1. ကမ္ဘာကြီးက စိတ်ကုန်စရာမှမဟုတ်တာနော်
    ကဗျာလေး ကောင်းလိုက်တာ

    ReplyDelete
  2. ကောင်းလှချည့်လား...

    သောင်းသောင်းဖျဖျ လက်ခုတ်တီးသွားတယ်

    ReplyDelete
  3. အရမ်းကောင်းတဲ့ကဗျာလေးပါ...
    အကြောင်းအရာ၊ စကားလုံး၊ အသံချထားတာတွေကအစ အရမ်းပြည့်စုံတဲ့
    ကဗျာလေးဗျာ၊ ညီရေ..အရမ်းလေးစားတယ်
    ဒါမျိုးများများလေး ဖန်ဆင်းနိုင်ပါစေ။
    ကောင်းကင်မှာ ထပ်တိုးလာတဲ့ လင်းလင်းလက်လက် ကြယ်လေးတစ်ပွင့်
    အဖြစ် ......

    ReplyDelete
  4. ပြင်းပြင်းထန်ထန် ပြုတ်ကျဖို့ ခပ်မြင့်မြင့်ကို တက်ခဲ့ရတာပေါ့..

    edu

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...