သူငယ်ချင်း
အားလုံးအတွက်မှောင်နေတဲ့
အနာဂါတ်တွေကို
ငါတစ်ယောက်တည်းစွမ်းအားနဲ့
လင်းပေးနိုင်မှာမဟုတ်ပါဘူး
ဒါပေမယ့် ဒီနေ့လေးမှာ
မင်းဆီကိုပျော်ရွှင်ခြင်းစစ်စစ်ဆိုက်ရောက်ပါစေ...။
သူငယ်ချင်း
မင်းဘ၀အတွက်၂၇ နှစ်ကြိမ်မြောက်
မုတ်သုန်...လေ
ကောင်းကင်ကခက်ထန်နေလည်း
စိတ်မပျက်ပါနဲ့
ဒီနေ့အတွက်မင်းဆီကို
ပျော်ရွှင်မှုစစ်စစ်တွေဆိုက်ရောက်ပါစေ...။
သူငယ်ချင်း
ဒီကနေ့မနက်စောစော
ဗုဒ္ဒဆင်းတုတော်အောက်မှာ
မင်းဝပ်ဆင်းပူဇော်နေမှာငါသိတယ်
မေတ္တာတရားတွေနဲ့ငြိမ်းအေးမှုအောက်
ရှင်သန်နေတဲ့နှစ်ပေါင်းများစွာ
မင်းဆီကိုသက်ရောက်ပါစေ...။
ငါဆုတောင်းလိုက်ပါတယ်
ရပ်ပြစ်ရှစ်ပါးနဲ့အဝေး
ကပ်သုံးပါးနဲ့အပ
မင်းဘ၀လှပမယ့်နေ့တွေကို
အမြဲတမ်းရရှိနိုင်ပါစေလို့...။
မိုးလှိုင်ည
မွေးနေ့အတွက် ဆုတောင်းမပေးဘူးလို့ပြောတဲ့ သူငယ်ချင်းအတွက်။
ဖတ်သွားပါတယ်...ရှင်
ReplyDeleteပြောမိလို့လား...ဘယ်တုန်းကလဲ...မေ့သွားပီ:)
ReplyDeleteကျွန်တော်လဲ ခင်ဗျား နဲ့ တူတူ ရော ပြီး ဆုတောင်းပေးတယ် ....:)
ReplyDeleteသူတော်