Wednesday, June 27, 2007

ဒီနေလည်းအမေက ငါ့ကိုထပ်မွေးတယ်

မနက်၆နာရီထိုးပြီ
သားရေထတော့ဆိုတော့
ငါ့မှာမက်လက်စအိပ်မက်ကြီးကိုပစ်ချလို့
မျက်နှာသစ်၊ရေချိုး
ဒီနေ့မှာဘယ်လိုရိုးသားရမလဲ
သားရဲတွေများတဲ့တောနက်ထဲ
ရန်ကုန်ဟာမှော်ဆန်နေတုန်း
ဆီဈေး၊ဆန်ဈေး၊ဒေါ်လာဈေး
ကားဈေးတွေတက်တက်သွားတယ်
လူတွေကဈေးကျလို့
ငါ့ကိုငါလည်းရောင်းမရဘူး
အိမ်ကိုလက်ဗလာနဲ့ပြန်လာတော့
အမေကငါးလေးအိုးကပ်ချက်ထားတယ်တဲ့
အဆာလွန်သင်္ဘောလေးက
အမေ့ဆိပ်ကမ်းမှာရိက္ခာအပြည့်တင်
ဆင်ခြင်မှုမဲ့အလွမ်းတွေလွှင့်ထုတ်
ဒီတစ်နေ့ဇာတ်ရုပ်ကမပီပြင်ခဲ့ပေမယ့်
အမေ့ မေတ္ခ္တာစမ်းကလေးနဲ့
အသက်ရှင်မှုကတစ်ငွေ့ငွေ့အူလို့...။

မိုးလှိုင်ည

1 comment:

  1. ကာရံတွေ နဘေတွေ နားမလည်ပေမယ့် ရင်ထဲက ခံစားချက်တခုကို တည့်တည့်ကြီးမှန်သွားလို့.. သိပ်ကောင်းတာပဲလို့ ပြောချင်လို့ပါ။

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...