Monday, June 25, 2007

ကျွန်တော့်ဆရာ

သူ့ဒဿတွေရဲ့စိတ်စိုက်ကွက်ထဲမှာ
ကျွန်တော်ကလေ့ကျင့်ခံကျောင်းသား
နှလုံးသားကိုသန့်သန့်စင်စင်ထားတတ်ဖို့
သူကကျွန်တော့်ကိုမျိုးပွားယူတယ်…..။
သူ့စကားလုံးတွေရဲ့ဓာတ်ပြုမှုထဲမှာ
ကျွန်တော့်အတွက်အလင်းတန်းအသစ်တွေ
အမြင်တွေကျိန်းရှလောက်အောင်
ကျွန်တော့်အတွေးအခေါ်ကခေါင်တယ်…..။
သူ့နဖူးပြင်ကျယ်ကြီးတွန့်ကွေးလာရင်
ကျွန်တော့်အတွက်ဆင်ဆင်ခြင်ခြင်နေတတ်ဖို့
မုန်တိုင်းကြိုနိမိတ်ပုံပဲ
ပြီးရင်သူ့အမြောက်ဆန်တွေအတွက်
ကျွန်တော်ခဏခဏပစ်ကွင်းလုပ်ရတယ်….။
ကျွန်တော်တို့စစ်တလင်းကအပြိုင်အဆိုင်နွဲပြီးရင်
ပန်းတွေကအရိုင်းဆန်ဆန်လှတယ်…..။
နောက်ဆုံးတော့သူ့ခံတပ်ကြီးတစ်ခုလုံး
ကျွန်တော်ကိုလက်လွှဲပြီး
ဒီတိုက်ပွဲမင်းဆက်တိုက်တဲ့…..
ကျွန်တော့်မှာကြောက်သွေးမပြရဲဘူး
သူမွေးခဲ့တဲ့သတ္တိမျိုးတွေက
ကျွန်တော့်ရင်ထဲမှာအပြည့်….။

မိုးလှိုင်ည
(ဆရာတောင်တွင်ယဉ်မင်းကြိုင်သို့ဦးညွှတ်လျှက်

1 comment:

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...