Tuesday, June 5, 2007

ကော်ဖီအသိုး

ငါ့ကော်ဖီခွက်ထဲက
ဆောင်းဥတုတစ်ခုဆွဲထုတ်လိုက်တော့
ငါ့အိမ်နီးချင်းတွေရဲ့
စွပ်ဖားပြင်သံတွေငါကြားတယ်
သူတို့ဒီအရပ်ကစွန့်ခွာတော့မယ်တဲ့
ဝံပုလွေအူသံတွေတောင်ဘက်
တောအုပ်ကနေတစ်စစီလွင့်ပျံလာခိုက်
ငါမီးလင်းဖိုနားကပ်လိုက်တယ်
ဖွင့်ထားတဲ့ကျမ်းစာအုပ်မှာတော့
ကိုယ်နဲ့သက်ဆိုင်သူကို
ကိုယ်နဲ့အမျှချစ်ပါတဲ့
မနေ့ကငါ့ခွေးလေးပီတာဆုံးခဲ့ပြီ..
မီးလင်းဖိုအလင်းရောင်က
ငါ့ခန္ဓာကိုယ်ပေါ်
ခြစ်ခြစ်တောက်လောင်ကျွမ်းလို့
အပြင်ထွက်ပြန်ရင်လည်း
တတိတိလှီးဖြတ်မယ့်အအေးဓါတ်…..
ငါကော်ဖီကိုသကြားခပ်ဖို့မေ့နေတယ်
လီနင် လည်းကော်ဖီကိုသကြားမခပ်ပဲသောက်တာ
ဒါပေမဲ့ ဒါဟာ၂၁ရာစုလေ
ကော်ဖီအသိုးတွေကိုထပ်ပြီးကြိုချက်ဖို့မလိုတော့ဘူး။


မိုးလှိုင်ည

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...